《111》[မိသားစုအရှုပ်​တော်ပုံ]

5.8K 1K 0
                                    

[Unicode]

စုပေက စိတ်ကုန်သည့်ပုံစံဖြင့် ,
"ဟန်စန်းရီရဲ့စိတ်ကို ကျွန်တော်ထိန်းချုပ်နိုင်မယ်လို့
အမေထင်နေတာလား"

"မှားတယ်။အမေ နောက်တစ်နည်းစဉ်းစားသင့်တယ်။
ဟန်စန်းရီရဲ့စိတ်ကိုထိန်းချုပ်နိုင်သူ ဘယ်သူမှမရှိဘူးဆို
တာ အမေမတွေ့ဘူးလား"

စုပေကတော့ သူမအထင်မှားနေတယ်ဟု ထင်သည်။
သူ့အပေါ်ကောင်းပေးတယ်တဲ့လား.......
ဒါဆိုဘာလို့ သူ့ယူနစ်ဘားတန်းကပတ်ကျိတွားသွားနေသလို နှေးနေရတာလဲ??
ပြီးတော့ သူဒီကိုကူးပြောင်းလာတဲ့နေတုန်းကဆိုရင် သူ့လက်နဲ့သေမလိုတောင်ဖြစ်ခဲ့ရသေးတယ်!

စုပေက သူမစကားတွေကိုနားမထောင်တာကို
တွေ့လိုက်ရတဲ့အတွက် သူမထွက်သွားတော့သည်။

ခဏလောက်ကြာပြီးတဲ့အခါမှာ စုပေ၏အခန်းတံခါးက
ကြမ်းတမ်းစွာတွန်းဖွင့်ခြင်း ခံလိုက်ရသည်။

မာနကြီးပုံရသည့် ထိုမိန်းမက စုပေကိုကြည့်ကာ
ပြောသည်။
"နင် အခုထိမသေသေးဘူးလား...ဘာလို့ ဟန်စန်းရီက
နင့်ကိုချက်ချင်းသတ်မပစ်လိုက်ရတာလဲ?"

စုပေကတော့ ဒီလိုစိတ်ကြီးဝင်နေတဲ့ကလေးတွေကို
စကားတစ်ခွန်းတောင် ပြန်မပြောချင်ဘူး။

စုပေ၏ ညီမငယ်ဖြစ်တဲ့စုရှီက အလိုလိုက်ခံထားရသဖြင့်
အထက်ဆီးဆန်ကာ မောက်မာသည်။

အနားမှာရှိတဲ့သူတစ်ယောက်ယောက်...သူမကို
တွေ့ရင်ထိန်းပေးကြပါ မဟုတ်ရင် သူမ
ဒေါ်သကြောင့်အချိန်မရွေးစိတ်လွတ်တော့မယ်။

စုပေက အိမ်ကိုရောက်တိုင်း သူမရဲ့ထေ့ငေါ့
လှောင်ပြောင်ခြင်းကို အမြဲခံရသည်။

ထို့ကြောင့် စုပေအိမ်ပြန်လာချိန် ကျဲသွားကာ
အမြဲခြေဦးတည့်ရာ လျှောက်သွားပြီး အပျော်ရှာ
နေတတ်သည်။

စုရှီက စုပေ၏အိပ်ရာကို ပိတ်ကန်လိုက်သည်။
"နင်တစ်ခါမှ မိန်းမတွေကို မမြင်ဖူးလို့လား?
ဘယ်လိုသတ္တိနဲ့ ဟန်စန်းရီရဲ့မိန်းမကို သွားထိရဲတာ
တုန်း? ငါလက်ထက်ပြီးရင် ဟန်အိမ်တော်ကို
ဘယ်လိုမျက်နှာနဲ့ ဝင်ရတော့မှာတုန်း?"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora