《94》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

8K 1.4K 16
                                    

[Zawgyi]

စုစု ကြမ်းပြင်ပေါ်ကနေထရပ်လိုက်တဲ့အချိန်မှာ
ရှောက်ချင်းရန်ကတော့ အဝေးသို့ထွက်သွားနှင့်ပြီးပြီ။
သူမ ရူးသွပ်စွာရယ်လိုက်သည်။ရှောက်ချင်းရန်က
သူမ အပိုင်...ဘယ်သူမှသူမဆီကနေ သူ့ကိုခိုးယူသွား
ခွင့်မရှိဘူး။

စုပေရောပဲ!စုပေက ရှောက်ချင်းရန်ကို
သူမဆီကနေ လုယူသွားခဲ့တာ!ဘာလို့ စုပေက
ရှောက်ချင်းရန်ကို သူမဆီမပေးရတာလဲ??
လူတိုင်းရဲ့မျက်လုံးထဲမှာ စုပေပဲရှိတယ်...စုစုဆိုတာ
မရှိဘူး...ဘာလို့လဲ!

စုစု ရုတ်တရက်
စိတ်တည်ငြိမ်အောင်ထိန်းလိုက်ကာ ချက်ချင်းဆိုသလို
ပဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။သူမ ရှောက်ချင်းရန်
အနားကိုကပ်ဖို့ထပ်ခါထပ်ခါကြိုးစားပေမယ့်
ရှောက်ချင်းရန်ကအမြဲရှောင်ဖယ်ခဲ့သည်။
နောက်ဆုံး သူမကိုစုပေအနားတောင်ကပ်ခွင့်မပေး
တော့ဘူး။

ရှောက်ချင်းရန်က ငြင်းပယ်လေလေ
စုစုက ပိုပြီးအစွန်းရောက်သည့်အရာတွေကို
လုပ်ချင်လာလေလေဖြစ်သည်။သူမ စုပေကို
ဖယ်ရှားပစ်မှ ရတော့မယ်။သူမ အချိန်အကြာကြီး
တုံ့ဆိုင်းသွားပြီးနောက် ဖုန်းနံပါတ်တစ်ခုကို
လှမ်းခေါ်လိုက်သည်။

တစ်ဖက်ကနေ ပျော်ရွှင်ကျေနပ်နေသည့် လေသံထွက်လာ
သည်။
"စုစု မင်းနောက်ဆုံးတော့ငါ့ကိုဖုန်းခေါ်ပြီပေါ့...
မင်းငါ့ကောင်မလေးဖြစ်ဖို့ ဆုံးဖြတ်ပြီးသွားပြီလား.
ငါမင်းကို တကယ်ကြိုက်တာပါ"

စုစုက သူမနှုတ်ခမ်းကိုကိုက်လိုက်ကာ ,
"အင်း..ဒါပေမယ့် ရှင်ကျွန်မအတွက် ကိစ္စတစ်ခု
အရင်လုပ်ပေးဖို့လိုအပ်တယ်"

ထိုလူကလည်း စုစုကသူ့ထံဖုန်းခေါ်သဖြင့်
ပျော်ရွှင်နေကာ လျင်လျင်မြန်မြန် သဘောတူလိုက်သည်။
နောက်ပိုင်း စုစုငြိမ်သက်သွားကာ ရှောက်ချင်းရန်
နားမှာထပ်မတွေ့ရတော့ဘူး။စုပေ၏အဖျားက
ပျောက်သွားကာ သူ့အခြေအနေကတည်ငြိမ်လာသည်။

ဒေါက်တာကလည်း ဘာမတော်တဆမှုမှမရှိရင်
ရက်ပိုင်းအတွင်း စုပေနိုးလာမည်ဟုပြောသည်။
ရှောက်ချင်းရန်က အိပ်ယာဘေးတွင်ထိုင်ကာ
သူ့အိပ်ကပ်ထဲက လက်စွပ်ကိုထုတ်ယူလိုက်သည်။
တစ်ကွင်းကို စုပေလက်တွင်စွပ်ပေးလိုက်ကာ
နောက်တစ်ကွင်းကိုတော့ သူ့လက်မှာစွပ်လိုက်သည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Tempat cerita menjadi hidup. Temukan sekarang