[Zawgyi]
စုပေက ယောင်ယောင်ကို့အနစ်နာခံခိုင်းလိုက်ရမှာ
လား။ဟင့်အင်း...သူမလုပ်နိုင်ဘူး။စုပေ မျက်လုံး
မှိတ်လိုက်ကာ ,
"သူ့ကိုလွှတ်ပေးလိုက်"သံစစ်သည်တွေက စုပေအမိန့်ကိုနာခံကြသဖြင့်
လှောင်အိမ်ထဲရောက်နေသည့် မင်းသားနင်း
လွတ်လာသည်။ထို့နောက် မင်းသားနင်းက
သူ့ဘေးနားက သံစစ်သည်တွေကို ကန်လိုက်ကာ
စုပေလည်ပင်းကိုလှမ်းညှစ်လိုက်သည်။
"နောက်ဆုံးတော့...ငါနိုင်သွားပြီ"စုပေက တည်ငြိမ်စွာနှင့် လုကျင်းယောင်ကို
ကြည့်လိုက်တယ်။
"အခုသူမကို သွားခွင့်ပေးလို့ရပြီလား"ဒါပေမယ့် မင်းသားနင်းက ယောင်ယောင့်ကို
ဘယ်လိုလုပ်လွယ်လွယ်ကူကူ လွှတ်ပေးပါ့မလဲ?...
သူက ကျယ်လောင်စွာရယ်လိုက်ကာ ရူးသွပ်နေ
သောလေသံဖြင့်ပြောလိုက်သည်။
"လုကျင်းယောင် အဲ့မိန်းမကို သတ်လိုက်!
စိတ်အားငယ်တယ်ဆိုတဲ့အရသာကို အရှင်မင်းကြီး
ခံစားပါစေ"ပြောပြီးသားကတိကိုဖျက်တာမကောင်းဘူးလို့
ခံစားရသဖြင့် လုကျင်းယောင်တုံ့ဆိုင်းသွားသည်။
ထိုအခွင့်အရေးကိုယူပြီး စုပေဓားမြှောင်ကို မင်းသားနင်း ဝမ်းဗိုက်ထဲသို့ထိုးသွင်းလိုက်သည်။
မင်းသားနင်းက နာကျင်မှုကြောင့်
သူ့ကိုလွှတ်လိုက်သည်။
စုပေ ချက်ချင်းပဲလုကျင်းယောင်ဆီသို့သွားကာ
သူမကိုကန်လိုက်ပြီး ယောင်ယောင့်ကိုအဝေးသို့
တွန်းထုတ်လိုက်သည်။မင်းသားနင်းက မြန်မြန်ပဲသတိပြန်ဝင်လာကာ
ဓားမြှောင်ကိုဆွဲထုတ်လိုက်ပြီး စုပေထံသို့
ပစ်လိုက်သည်။စုပေ system ကိုမေးလိုက်တယ်။
"748 , ယူနစ်ဘားတန်းပြည့်ဖို့ ဘယ်လောက်လိုသေး
လဲ"စက်ရုပ်လေသံနဲ့ 748 ကပြန်ဖြေတယ်။
ု"7% ကျန်ပါသေးတယ်"စုပေ မျက်စိမှိတ်လိုက်တယ်။
"ခွေးမသား မုချင်းဟန်..မင်းငါ့ကိုချစ်တာလား?
မချစ်တာလား?"မင်းသားနင်းရဲ့ ဓားမြှောင်ကသူ့ကိုထိမှန်သွားတဲ့
ကာ စုပေတစ်စုံတစ်ယောက်ရဲ့လက်မောင်း
ကြားထဲ လဲကျသွားသည်။သူ မုချင်းဟန်ရဲ့
အသံကိုလည်း ကြားလိုက်ရသေးသည်။
"မဟုတ်ဘူး!"
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
BINABASA MO ANG
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...