ဥက္ကဌ၏ချစ်သူ​ကောင်​လေး

17.1K 2.5K 31
                                    

{Unicode}

                 《ချိုမြိန်သောအနမ်း》

သူတို့နှစ်​ယောက်စံအိမ်ကိုပြန်​ရောက်တဲ့အချိန်က ည​နက်​နေ​ပေမယ့်ချင်းကွမ်း​ရှောင်က အခုထိမအိပ်​သေးဘူး။သူမစု​ပေကိုမြင်လိုက်ရတဲ့အခါ ထိတ်လန့်မှု​ကြောင့်မျက်လုံးသူငယ်အိမ်နည်းနည်းလှုပ်ရှား​သွား​ပေမယ့် အရမ်းကြီးသိသာ​အောင်​တော့မဖြစ်သွားဘူး။

သူမ​ကြောက်လန့်မှု​ကြောင့်လက်သီးတင်းတင်းစုပ်လိုက်မိတယ်။တကယ်​တော့သူမ​ကြောက်လန့်သွားတယ်ဆိုတာက စု​​ပေရှိတဲ့​နေရာကိုသတင်း​ပေးလိုက်တာကသူမဆိုတဲ့အ​ကြောင်း ဖုန်းရှင်းလန်သိသွားမှာဆိုးလို့ပါ။

ဒါ​ပေမယ့်အခုကြည့်ရသ​လောက် သူမကြံစည်မှန်းဖုန်းရှင်းလန်မသိ​လောက်​သေးဘူးထင်ပါ့....ဘာလို့ဆိုဖုန်းရှင်းလန်ကစု​ပေကိုသာပြန်​ခေါ်လာပြီး အခုထိဘာဆိုဘာမှမ​ပြော​သေး.....

ချင်းကွမ်း​ရှောင်အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး စိတ်သင်သာရာရသွားတယ်။ ဒါ​ပေမယ့် စု​ပေရှိ​နေသ၍သူမစိတ်သက်သာရာရမှာမဟုတ်​သေး...ဒီစု​ပေကတကယ့်ကိုအ​နှောင့်အယှက်​​ကောင်စုတ်ကြီး...ထို့​ကြောင့်သူမစု​ပေကိုဖုန်းရှင်းလန်ဆီက​နေနှင်ထုတ်ပစ်ဖို့နည်းလမ်းတစ်ခုခုရှာကြံရမည်။

သူအခန်းသူပြန်ပြီးအိပ်ဖို့ကြံ​နေတဲ့စု​ပေတစ်​ယောက် ရုတ်တရက်ထိတ်လန့်တဲ့အသံနဲ့ထအော်လိုက်သည်။
"ငါ ဝယ်လာတဲ့ဆားထုတ်​တွေ​ရော lollipop ​တွေ​ရောယူလာဖို့​​မေ့သွားတယ်!!"

အင်္ကျီလက်ဖျားကကြည်သီး​တွေဖြုတ်ပြီး အနားယူဖို့ပြင်​နေတဲ့ဖုန်းရှင်းလန်က​တော့စု​ပေ​အော်သံကြားပြီးကြယ်သီးဖြုတ်လက်စလက်​​လေး​တောင် ရပ်တန့်သွားတယ်။ထို့​နောက် သူစု​ပေကိုချက်ချင်းလှမ်းကြည့်လိုက်တယ်။သူ့ပုံစံက တကယ့်ကိုလှပ​​​ကြော့ရှင်းပြီး အထက်တန်းဆန်ဆန်ဆွဲ​ဆောင်မှုအပြည့်.............

"မင်းသကြားလုံး​တွေစားရတာကိုကြိုက်တာလား"

စု​ပေသူ့ဆံပင်​တွေကိုသက်တင်လိုက်တယ်။
"မဟုတ်ပါဘူး ဒီတိုင်းပါးစပ်ထဲမှာတစ်ခုခုမရှိဘဲနဲ့မ​နေတတ်လို့ပါ သိတယ်မလား"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Onde histórias criam vida. Descubra agora