《62》[အင်ပါယာအရှင်သခင်]

9.8K 1.7K 16
                                    

[Zawgyi]

စုပေ၏အခုပုံစံက အနည်းငယ်ရယ်စရာကောင်းနေ
သဖြင့် မုချင်းဟန်ပြုံးလိုက်မိသည်။
"ကျွန်တော်မျိုးမှာ အဖြေမရှိပါဘူး"

စုပေက ထပ်မေးတယ်။
"ကိုယ်တော့်ကို ချစ်လား"

မုချင်းဟန် ထိုနေရာတွင်အနည်းငယ်တောင့်သွားကာ
စုပေမျက်လုံးထဲမှ တစ်ခုခုကိုကြည့်ချင်ပေမယ့်
ကျရှုံးသွားတယ်။အချစ်ဆိုတာ သူ့အတွက်တော့
ဟာသတစ်ခုလိုပဲ။ဒါပေမယ့် စုပေသူ့ဘဝထဲကို
တိုးဝင်လာတဲ့အချိန်မှာ သူတွန်းမထုတ်နိုင်ခဲ့ဘူး။

မုချင်းဟန် မမျှော်လင့်ဘဲထုတ်မေးမိသွားသည်။
"အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး အချစ်ဆိုတဲ့အရာကို
ယုံကြည်နေရတာလဲ....တကယ်တော့
အရှင်မင်းကြီးနဲ့ကျွန်တော်က သဘောတူညီမှုပဲ
လုပ်ခဲ့တာလေ"

စုပေ နှလုံးသားထဲမှာ တိတ်တဆိတ်ကျိန်ဆဲလိုက်သည်။
"ဟမ့်!လူယုတ်မာကြီး"

သဘောတူညီမှုလေးပဲ ဟုတ်လား??
အနာဂတ်မှာဒီလိုလူနဲ့ ဘာဆက်လုပ်ရမလဲ??
မုချင်းဟန်က စုပေမျက်နှာပေါ်က စိတ်ပျက်မှုတွေကို
မမြင်ခဲ့ဘူး။သူက စုပေဒီအတိုင်းလေး မေးလိုက်တယ်
ထင်ခဲ့တာ။သူ့အကြည့်က စိတ်အားထက်သန်နေ
ပေမယ့် ဟန်ဆောင်နေတာလို့ ထင်လိုက်မိတာ။

မုချင်းဟန် နှလုံးသားထဲကနေ စိတ်ပျက်သွားတာကို
သိသာစွာခံစားမိလိုက်သည်။ဒါဆို
ဒီမြေခွေးလေးစုပေက တကယ်ပဲသူ့ကိုနှလုံးသားထဲ ထည့်ထားတာလား?ဒါမှမဟုတ် အသုံးချရုံပဲလား?

နောက်တစ်နေ့မှာတော့ အမတ်ချုပ်ကြီးက
ဧကရီကိုတွေ့ရန် နန်းတော်တွင်းသို့
ဝင်လာခဲ့သည်။စုပေက စုယုကိုခေါ်ဆောင်သွားတာကို
သိလိုက်ရတဲ့အခါမှာ သူပြင်းပြင်းထန်ထန်ဒေါသ
ထွက်သွားသည်။သူဒီအချိန်မှာ ဘာဆက်ဖြစ်မလဲ
စောင့်မနေနိုင်တော့ဘူး။အမတ်ချုပ်ကြီးနဲ့
ဗိုလ်ချုပ်အဆင့်ရှိတဲ့ သူ့နောက်လိုက်တို့က
ချက်ချင်းပဲ အဆက်အသွယ်တွေပြုလုပ်ကြပြီး
ဧကရာဇ်ကို ထီးနန်းဖြုတ်ချဖို့ ပုန်ကန်ကြတော့သည်။

ဧကရီကလည်း အမတ်ချုပ်ကြီးနောက်လိုက်တစ်ယောက်
နဲ့ဖောက်ပြန်တာကို မုချင်းဟန်ရှာတွေ့ခဲ့သည်။
သူမ စုပေကိုဆေးခတ်တာအပါအဝင်ပေါ့။
စုပေ စိတ်ထဲတွင် : "ရှေးခေတ်ကလူတွေက
အရမ်းကြောက်ဖို့ကောင်းတာပဲ။မူးယစ်ဆေးဝါးတွေကိုတောင် လွယ်လွယ်ကူကူပဲသုံးကြတယ်"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora