《75》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

9.1K 1.5K 17
                                    

[Zawgyi]

သူကမ္ဘာတွေကိုကူးပြောင်းခြင်းမပြုမှီ မူလဘ၀မှာတုန်းက comic အနည်းငယ်ကိုရေးဆွဲခဲ့သည်။သူညအိပ်ပြီးနောက်နေ့မနက်ရောက်တော့
ကူးပြောင်းခြင်းစတင်နေပြီ။တကယ်တော့ သူဆွဲထားခဲ့တဲ့ပုံတွေမှာ သူ့ကိုယ်ပိုင်စိတ်ကူးအတွေးတွေ မရှိနေပါဘူး။တစ်စုံတစ်ယောက်ရဲ့ စိတ်ကူးအတိုင်းလိုက်ဆွဲခဲ့တာပါ။ထိုသူကလည်း ပုံကြမ်းအတွက်
အကြံဉာဏ်တွေပေးတယ်...သူကတော့ထိုသူ့ရဲ့
အကြံအတိုင်းလိုက်ဆွဲတယ်။ပြီးရင် ရတဲ့ပိုက်ဆံတွေကို တစ်ယောက်တစ်ဝက်ခွဲယူခဲ့ကြပါတယ်။သူတစ်ခါမှတော့ ထိုလူကိုမမြင်ဖူးခဲ့ပေမယ့် မလေးစားဘဲတော့ မနေနိုင်ပါဘူး။

အကြောင်းကတော့ ထိုလူရဲ့ဇာတ်လမ်းတွေအကုန်လုံးက ထူးဆန်းပြီးနားလည်ဖို့ခက်သလို အရိုင်းဆန်ပါတယ်။အခုတော့ သူ့ ဦးနှောက်ကအလုပ်မလုပ်တာ ကြာပြီဖြစ်တဲ့အတွက် ရေးဆွဲဖို့ရာဇာတ်လမ်းတွေမထွက်လာတော့ပါဘူး။ထို့ကြောင့် သူ့အကြောင်းတွေကိုသာရေးဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူအခု ကမ္ဘာနှစ်ခုကိုကူးပြောင်းပြီးပြီဆိုတော့ ကမ္ဘာတစ်ခုကို ဇာတ်လမ်းတစ်ပုဒ်ပေါ့။အစီအစဉ်တွေချမှတ်ပြီးနောက် စုပေ
စတင်ပြင်ဆင်တော့သည်။

ကွန်ပျူတာကတော့ ရှိပြီးသားဖြစ်တဲ့အတွက် drawing board နဲ့ကျန်တဲ့အရာတွေသာ ဝယ်ဖို့လိုအပ်တော့တယ်။သူ drawing board ထိကြည့်ပြီးနောက် ငိုချချင်မိသွားသည်။အရင်တုန်းက အချိန်တွေကို ပြန်ရောက်သွားသလိုပဲ။တစ်နေ့ စုပေမေ့နေပြီဖြစ်တဲ့
ရှောက်ချင်းရန်ကသူ့ကို ဖုန်းခေါ်ကာအပြင်သွားကြဖို့ပြောသည်။ထိုအခါကျမှပဲ စုပေဆွဲဆောင်ရမဲ့ပစ်မှတ်ကို ပြန်သတိရတော့သည်။

စုပေပေါ့ပေါ့ပါးပါးအဝတ်အစားတွေကို ဝတ်ကာ
ရှောက်ချင်းရန်နဲ့တွေ့ဖို့ ထွက်လာခဲ့သည်။ဒီတစ်ခါ
တွေ့ကြတဲ့ နေရာကတော့ ရှောက်ချင်းရန်ရဲ့ရုံးခန်းမှာ မဟုတ်ပဲကော်ဖီဆိုင်တစ်ဆိုင်မှာဖြစ်တယ်။
စုပေရောက်သွားတဲ့အခါမှာ ရှောက်ချင်းရန်က
ရောက်နှင့်နေပြီးပြီ။ရှောက်ချင်းရန်က
သူ့လက်ကိုမြှောက်လိုက်ကာ ,
"ထိုင်ပါ"

စုပေက ရှောက်ချင်းရန်နဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ကာ ဖျော်ရည်တစ်ခွက်မှာလိုက်တယ်။ထို့နောက်
ရှောက်ချင်းရန်က စကားစပြောတယ်။
“ငါ မင်းအခြေအနေကိုစစ်ဆေးကြည့်ပြီးပြီ။ဒါပေမယ့် အရင်တုန်းက မင်းဖြစ်ရပ်နဲ့ဆင်တူတဲ့ ဖြစ်ရပ်မျိုးတောင်မရှိခဲ့ဘူး”

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora