《87》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

7.9K 1.5K 20
                                    

[Zawgyi]

သူ့ရှေ့မှာရှိနေတဲ့ ရှောက်ချင်းရန်က မိုးကြိုးပစ်တာ ၊
လျှပ်စီးလက်တာထက်တောင် ပိုကြောက်ဖို့ကောင်း
သေးတယ်။ဒါပေမယ့်စုပေ သူ့ခန္ဓာကိုယ်ကို
စောင်အောင်တိုးဝင်ကာ ရှောက်ချင်းရန်လှဲနေသည့်
ဘေးတွင် ဝင်လှဲလိုက်သည်။စုပေက နှလုံးသားမဲ့တဲ့သူ
တစ်ယောက်ဖြစ်တဲ့အတွက် သူအိမ်မက်ဆိုးမက်ရင်တောင်
ချက်ချင်းပဲပြန်အိပ်ပျော်သွားတတ်သည်။

နောက်တစ်နေ့မနက်ရောက်တဲ့အချိန်မှာ ရှောက်ချင်းရန်
၏နိုးခြင်းကို စုပေခံလိုက်ရသည်။နံနက်စာက
စွပ်ပြုတ်ဖြစ်တယ်။စုပေက စွပ်ပြုတ်ကိုထူးဆန်းသလို
ကြည့်ကာ ဒီအခြေအနေကနေ လွတ်မြောက်ဖို့
ကြိုးစားသည်။

"မနက်စာကို ဒီလိုချွဲကျိကျိစွပ်ပြုတ်ကြီး သောက်ရမှာ
လား"

ရှောက်ချင်းရန်က နွေးထွေးသည့်အပြုံးလေးနှင့် ,
"ဘာလို့လဲ..ငါတော့ဒါကချွဲကျိကျိဖြစ်နေ
တယ်လို့ မထင်ပါဘူး"

စွပ်ပြုတ်ကိုစုပေ နောက်တစ်ကြိမ်ကြည့်လိုက်ကာ
ဒီဟာကိုစားဖို့ သူ့မှာသတ္တိမရှိဘူးလို့ ခံစားရသည်။
ရှောက်ချင်းရန်က မသိသလိုမေးလိုက်သည်။

"ဘာလို့လဲ..မင်းစွပ်ပြုတ်ကိုမကြိုက်ဘူးလား"

စုပေရဲဆေးတင်ကာ ခေါင်းခါလိုက်ရင်း
စွပ်ပြုတ်ကိုကုန်တဲ့ထိသောက်လိုက်သည်။

ထို့နောက် ရှောက်ချင်းရန်၏စကားပြောသံကို
ကြားလိုက်ရသည်။
"မင်းကစွပ်ပြုတ်သောက်ရတာ ကြိုက်တယ်ဆိုမှတော့
ငါနေ့တိုင်းလုပ်ကျွေးပါ့မယ်"

ထိုစကားတွေကြောင့် စုပေတုန်လှုပ်သွားကာ
သောက်နေတာတောင် နင်သွားသည်။
ရက်စက်လိုက်တာ!သူက ကွင်းဆက်လူသတ်သမား
ကြောင့် သေမလိုတောင်ဖြစ်သွားရပြီး စိတ်ဒဏ်ရာ
တောင် ရသွားသေးတယ်။

မနေ့ညက စိတ်ဒဏ်ရာ
ပျောက်သွားတယ်ဆိုပေမယ့် စွပ်ပြုတ်သောက်ရတာက
သူ့ကိုယ်သူပြန်စားနေသလို ခံစားရတယ်။ရှောက်ချင်းရန်
၏အပြုံးက ပိုပိုတောက်ပလာသည်။

"နောက်ကျ ငါမင်းကိုကုသဖို့
တစ်နေရာရာခေါ်သွားပေးမယ်"

စုပေက သူကိုယ်တိုင်တောင်သတိမထားမိဘဲ
အသားစွပ်ပြုတ်ကိုအဝေးသို့ တွန်းထုတ်လိုက်ကာ
မေးလိုက်သည်။
"ဘာလို့လဲ"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora