{Unicode}
《အိမ်ပေါ်မှနှင်ချခံရခြင်း》
မေမေစုက Manchu Han Imperial Feast စားသောက်ပွဲလိုဟင်းပွဲတွေအများကြီးတော့မချက်ထားပေမယ့် ထမင်းစားပွဲတစ်ခုလုံးအပြည့်နီးပါးလောက်တော့ချက်ပြုတ်ထားခဲ့သည်။
သူ့သားပြန်ရောက်လာတာကိုတွေ့တာနဲ့ သူမလည်းမီးဖိုချောင်ထဲကထွက်လာခဲ့သည်။သူ့သားပြန်လာပြီဆိုတော့ ချွေးမလေးလည်းပါလာလောက်မယ်ထင်ပါရဲ့.....သို့သော် သူမဖုန်းရှင်းလန်ကိုတွေ့လိုက်ရတဲ့ တစ်ခဏမျက်လုံးတွေပြူးကျယ်ကုန်သည်။
"ဥက္ကဌဖုန်းက ဒီအိမ်ကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ မသိဘူး"
ဖုန်းရှင်းလန် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကိုတွေ့လိုက်ရသည့်နှယ် အလွန်စိတ်ဝင်စားသွားသည်။
"စုပေကပြောတယ် ခင်ဗျားကကျွန်တော့်ကိုညစာတူတူစားဖို့အိမ်ကိုဖိတ်ခဲ့ပါ လို့ သူ့ကိုမှာလိုက်တယ်တဲ့"မေမေစုအတွေးပေါင်းစုံဖြတ်သမ်းသွားသည်။ သူမရဲ့မသိစိတ်ထဲကနေလည်းအော်ပြောနေသေးသည်။
"မဟုတ်ဘူး! ငါသူ့ကို နင်ကြိုက်နေတဲ့မိန်းကလေးကိုညစာတူတူစားဖို့အိမ်ခေါ်ခဲ့လို့ သေချာရှင်းရှင်းလင်းလင်းကိုပြောလိုက်တာ"မေမေစု တစ်ခုခုမှားယွင်းနေသလိုခံစားလိုက်ရသည်။ သူမမှားယွင်းနေတဲ့အရာကိုသတိပြုမိလိုက်တဲ့အခါမှာ သူမမျက်နှာဖြူစုတ်သွားသည်။
သေချာသည် သူမသားဖုန်းရှင်းလန်ကိုအိမ်ခေါ်လာတာက သူမပြောလိုက်တဲ့ချွေးမကိုအိမ်ခေါ်လာဆိုတဲ့အဓိပ္ပါယ်နှင့်ညီမျှနေသည်။ ဒါဆို.............မေမေစုထိုနေရာမှာတင်တောင့်ခဲပြီးသတိလွတ်သွားသည်။
စုပေ သုန်သုန်မှုန်မှုန်နှင့်စူပုတ်နေသည့်ဖုန်းရှင်းလန်အတွက်ထိုင်ဖို့ခုံဆွဲထုတ်ပေးလိုက်သည်။
"မစ္စတာဖုန်း စိတ်မရှိပါနဲ့"ဖုန်းရှင်းလန်ခုံမှာဝင်ထိုင်ပြီး စားပွဲပေါ်ကဟင်းပန်းကန်တွေကိုမျက်စိဝေ့ကြည့်လိုက်သည်။
"ဘယ်ဟင်းခွက်ကမင်းချက်ထားတာလဲ"
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...