[Zawgyi]
မကြာခင်မှာဘဲ စုပေမှာထားသည့် ဖျော်ရည်ရောက်ရှိလာသည်။ထို့နောက် စားပွဲထိုးတစ်ယောက်၏
အလန့်တကြားခေါ်သံကိုကြားလိုက်ရသည်။
"စုပေ!"စုပေ မော့ကြည့်လိုက်သည့်အခါ....
သေစမ်း!ဇာတ်လိုက်မ စုစုပဲ!စုစုက သူ့အရှေ့ရှိ
ချောမောသည့်ကောင်လေးကိုကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေသည်။သူမရှေ့ရှိ
ဒီကောင်လေးက သူမမောင်လေးဖြစ်ကြောင်း
မမှတ်မိတော့မလိုဖြစ်သွားသေးသည်။စုပေက
တွန့်ဆုတ်စွာပြောလိုက်သည်။
"ဟိုင်း.."အခုမှစုစုသတိပြန်ဝင်လာကာ သူမနှုတ်ခမ်းကိုကိုက်လိုက်
သည်။
"ငါဒီမှာအချိန်ပိုင်းအလုပ်လုပ်နေတယ်ဆိုတာ နင်ဘယ်လို
သိသွားတာလဲ"စုပေက ရှောက်ချင်းရန်ကိုညွှန်ပြလိုက်ကာ,
"မစ္စတာရှောက်က ငါ့ကိုဒီခေါ်လာတာလေ"ဒါကြောင့် သူ့ကိုပဲမေးလိုက်...
ထိုအခါမှ စုစုကရှောက်ချင်းရန်လည်း ဒီနေရာမှာ
ရှိကြောင်း သတိပြုမိသွားကာ အနည်းငယ်
တောင့်နေသော လေသံဖြင့် ,
"မစ္စတာရှောက်လည်း ဒီမှာရှိနေတာကိုး
တောင်းပန်ပါတယ်။"ရှောက်ချင်းရန်က ခပ်ယဲ့ယဲ့မျှပြုံးလိုက်ကာ
နွေဦးလေပြေလေးလို လေသံလေးနှင့် ,
"ကိစ္စမရှိပါဘူး။မင်းဒီမှာ အချိန်ပိုင်းအလုပ်လုပ်
နေမှန်းငါမမျှော်လင့်ထားခဲ့မိဘူး။မင်းအတွက်
ပြဿနာတစ်ခုခုရောက်စေခဲ့ရင် တောင်းပန်ပါတယ်"ထိုအမျိုးသမီးရဲ့ မျက်နှာပေါ်ရှိအမူအရာအားလုံးက
အတုအယောင်တွေပဲဖြစ်ပေမယ့် သဘာဝကျတယ်။
သူအရင်တုန်းက သူမကိုစိတ်ဝင်စားခဲ့မိသေးသည်။
ဘာလို့လည်းတော့သူမသိပေမယ့်.....ဒီနေ့မှာ
တော့ သူမအပေါ်ဘာခံစားချက်မှရှိမနေတော့ဘူး။748 : "ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 5% တိုးလာပါသည်။တိုးတက်မှုဖြစ်စဉ် 23% ပါ"
စုပေ မျက်လုံးပြူးကျယ်သွားသည်။သူတောင်
ဘာမှမလုပ်ရသေးဘူး...ဘာလို့ယူနစ်ဘားတန်းက
တိုးလာရတာတုန်း...စုစုက ခေါင်းယမ်းလိုက်ကာ ,
"မဖြစ်ပါဘူး မစ္စတာရှောက်ရဲ့ ...ရှင် နောက်နေတာပဲ
ဖြစ်ရမယ်။ရှင်နဲ့စုပေတို့ ဘယ်လိုဆုံကြလည်းဆိုတာ
တော့ ကျွန်မသိချင်မိသား.."
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...