{Unicode}
《အိမ်သို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ》
စုပေစားပွဲပေါ်မှာတင်ထားတဲ့ ပိုက်ဆံအချို့ကိုကောက်ယူပြီး သူ့အိတ်ကပ်ထဲထည့်သိမ်းလိုက်တယ်။
"ဆားတစ်မျိုးတည်းပဲ မှာတာမလားကောင်းပြီခဏလောက်ပဲစောင့်"
သူဖုန်းရှင်းလန်ရဲ့ကားတစ်စီးကိုယူမောင်းလိုက်တယ်.....တကယ်ဆိုဖုန်းရှင်းလန်ကသူ့ကို ကားတွေအများကြီးပေးထားတယ် ကြိုက်တဲ့ကားယူစီးလိုက်ဆိုတဲ့သဘောမျိုးပေါ့ .......ဘာလို့သူ့ကိုဒီလောက်ထိပေးထားတာလဲလို့မေးချင်လား....သေချာတာကတော့သူဒီအိမ်မှာအကြာကြီးနေမယ်ဆိုပြီး ဖုန်းရှင်းလန်ကိုပြောပြလိုက်လို့ ဖြစ်နိုင်ပါတယ်။
သူအိမ်နဲ့အနီးဆုံး Supermarket ကိုသာသွားပြီးစျေးဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆားလေးတစ်ထုပ်ဝယ်ဖို့ကိုပဲ ဘာကိစ္စအိမ်နဲ့ဝေးတဲ့နေရာတွေသွားနေရမှာလဲ နီးနီးနားနားဆိုတော်ရောပေါ့........သူ Supermarket ရောက်တဲ့အခါမှာဘာဆားအမျိုးအစားကိုဝယ်ရမလဲဆိုတာ စဉ်းစားရခက်သွားတယ် ချင်းကွမ်းရှောင်ကဘယ်အမျိုးအစားကိုလိုချင်မှန်း သူမသိဘူး........သူ သူမကိုဖုန်းခေါ်ပြီးလည်း လှမ်းမမေးချင်ဘူး။ဆိုတော့ သူမတူညီတဲ့ဆားအမျိုးအစားအကုန်ရွေးဝယ်လိုက်တယ်။
သူဆားထုပ်တွေကိုငွေရှင်းဖို့ ငွေရှင်းကောင်တာပေါ်တင်လိုက်စဉ်မှာပဲ ငွေရှင်းကောင်တာခုံပေါ်က lollipop ဘူးကြီးတစ်ဘူးကသူ့အမြင်အာရုံကိုဖမ်းစားသွားတယ်။ရုတ်တရက်ပဲအကြံဉာဏ်ကောင်းတစ်ခု သူ့ဦးနှောက်ထဲမှာပေါ်လာတယ်။
မိနစ်အနည်းငယ်လောက်ကြာတဲ့အခါမှာ စုပေတစ်ယောက်Lollipopတစ်ခုကို ပါးစပ်ထဲမှာစုပ်နေရင်း Supermarket ကနေဟန်ပါပါထွက်လာတယ်။ အခုသူ့ဆီမှာLollipopရှိပြီဖြစ်တဲ့အတွက်သူဆေးလိပ်သောက်ချင်တော့မှာ မဟုတ်ဘူး သူဆေးလိပ်ဖြတ်နိုင်တော့မှာသေချာတယ်။
သူဝယ်လာတဲ့ဆားထုပ်တွေကို ကားထဲပစ်ထည့်လိုက်အချိန် အလွန့်အလွန်ရင်းနှီးကျွမ်းဝင်မှုရှိတဲ့လေသံတစ်ခုက သူ့ကိုစကားလှမ်းပြောလိုက်တာ ကိုကြားလိုက်တယ်။
![](https://img.wattpad.com/cover/238122483-288-k595407.jpg)
VOUS LISEZ
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
Roman d'amourEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...