ဥက္ကဌ၏ချစ်သူကောင်လေး

13.5K 1.9K 12
                                    

{Unicode}

《ဥက္ကဌဖုန်း၏အကြံအစည်》

သူတစ်ခါမှမကြားဘူးတဲ့အသံက ဖုန်းတစ်ဘက်က​​နေထွက်လာတယ်။
"တစ်စိတ်​လောက် မင်းကမစ္စတာဖုန်းရဲ့မိသားစုဝင်လား။အခုမစ္စတာဖုန်းမူး​နေလို့ မင်းလာ​ခေါ်​ပေးလို့ရမလား"
စု​ပေနည်းနည်းအံ့သြသွားပြီး​နောက် ရုတ်တရက် ,
"ဘယ်​နေရာလဲ?"
တစ်ဘက်ကသူက bar နာမည်​ပြောလိုက်တဲ့အခါ သူချက်ချင်းအ​ပေါ်ဝတ် ဝတ်ကာထွက်လာခဲ့တယ်။

ဖုန်းရှင်းလန်က bar မှာသွား​သောက်​နေတယ်တဲ့။သူမ​နေ့ကလက်ထပ်ခွင့်​တောင်းတာကိုလက်မခံလိုက်လို့များ သွား​သောက်​နေတာလား။စု​ပေထိုသို့​တွေးမိလိုက်သည့်အခါ သူ့ကိုယ်သူအပြစ်ရှိသလိုခံစားလိုက်ရသည်။ပြီး​တော့သူက မစ်ရှင်လုပ်ဖို့ သူ့ (ဖုန်းရှင်းလန်)ကိုလိမ်ညာ​နေ​သေးတာ​လေ။သို့​ပေမယ့် ခုနကအရက်မူး​နေသည်ဟု​ပြောခံရသည့်ဖုန်းရှင်းလန်က​တော့ အခုချိန်တွင်အ​မှောင်ထဲတွင်ပုန်းကာ လက်ထဲတွင်သွေးကဲ့သို့နီရဲ​နေ​သောဝိုင်နီခွက်ကို ကိုင်ကာလှုပ်ယမ်း​နေသည်။

ခုနကဖုန်း​ခေါ်ဆိုသူက​တော့ ဖုန်းရှင်းလန်ကိုအံ့သြသင့်စွာကြည့်​နေသည်။
"မင်းဒီလိုလှည့်ကွက်​တွေသုံး​နေတာကို မြင်ရဖို့က​တော်​တော်​လေးကိုရှားတယ်။ ငါကြားတာ​တော့မင်းမ​နေ့လက်ထက်ခွင့်​တောင်းတာကိုငြင်းခံလိုက်တယ်ဆို..အဲ့ဒီ့တစ်​ယောက်ကအခုငါ​ဖုန်းခေါ်လိုက်တဲ့က​လေး​လေးမလား?"
ဖုန်းရှင်းလန်ကသူ့​မေးခွန်းကိုပြန်မ​ဖြေဘူး။
"မင်းသွားလို့ရပြီ"

ထိုသူကစိတ်ဆိုးချင်​ယောင်​ဆောင်လိုက်သည်။
"မင်းကငါ့ကိုအသုံးချပြီး​တော့စွန့်ပစ်တယ်​ပေါ့​လေ ဟမ်?ငါအခု​လေးတင်မင်းကိုကူညီပြီးဖုန်း​ခေါ်​ပေးခဲ့တာ​လေ ဒါကိုမင်းက​ထွက်သွားခိုင်းတယ်​ပေါ့"
ဖုန်းရှင်းလန်ကဘာမှမ​ပြောဘဲဝိုင်နီကို​​မော့​သောက်လိုက်ကာ , "သူမကြာခင်​ရောက်လာ​တော့မှာ "
ထိုသူကစိတ်တိုလျက်နှင့် , "​ကောင်းပြီ​ကောင်းပြီ မင်းရဲ့က​​လေး​လေးကသာအ​ရေးကြီးဆုံးပဲဟုတ်ပြီလား"

စု​ပေ Bar ကို​ရောက်လာတဲ့အချိန်မှာဖုန်းရှင်းလန်က အရက်​သောက်ထားပုံရတဲ့မိန်းမတစ်​ယောက်နဲ့တွဲပြီးလမ်း​လျှောက်လာတာကို​တွေ့လိုက်ရတယ်။သူချက်ချင်းပဲ သူတို့​ရှေ့ရပ်ကာ ထိုမိန်းမကိုတားလိုက်တယ်။
"တောင်းပန်ပါတယ် ဒါကျွန်​တော့်သူငယ်ချင်းပါ"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora