ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

13.8K 386 2
                                    

Chapter 1
{ သားတစ်ယောက် - ၁ }

ချန်းဟွမ်သည် သူမရဲ့လက္တို့ကို ကြည့်ရင်း ပြောစရာစကားတို့ ပျောက်ရှနေခဲ့လေ၏...

သူမ လုပ်ခဲ့သည်က ပုံမှန်အတိုင်း အိပ်ယာဝင်ခဲ့ရုံပင်... သို့သော် ယခုတွင် သူမက တစ်ခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲသို့ ရောက်နေခဲ့လေပြီ...

ဒါတင်မကသေး သူမဦးနှောက်ထဲသို့ မှတ်ဉာဏ်အပိုင်းအစများစွာ ရောက်လာသေး၏... ချန်းဟွမ် မတ်တပ်ရပ်လိုက်ပြီးနောက်တွင် ဗလုံးဗထွေးပြောဆိုလိုက်ရင်း ကြည့်မှန်တစ်ချက်ကို ရှာဖွေတော့သည်... သူမရဲ့ခြေထောက်က စားပွဲတစ်ခုနဲ့ တိုက်မိသွားခဲ့သော်ငြား သူမ ကြည့်မှန်အား ရှာဖွေနေခြင်းကို မရပ်တံ့ခဲ့ပေ...

အခန်းက ကျဉ်းလွန်းတာကြောင့် ပစ္စည်းတို့ဖြင့် ပြည့်သိပ်လို့နေလေသည်... ချန်းဟွမ် လက်ရှိတွင် ဘေးဘီကို အာရုံမထားနိုင်သေးချေ... သူမသည် ရေချိုးခန်းထဲတွင် ကြည့်မှန်တစ်ချက် ရှိလောက်မည်ဟူသောအတွေးဖြင့်သာ ရေချိုးခန်းဆီသို့ အသည်းအသန်သွားနေခဲ့ခြင်းဖြစ်သည်...

မှန်ရှေ့သို့ ရောက်သွားခဲ့ပြီးနောက် မှန်ထဲမှ ပုံရိပ္ကို မြင်လိုက်ရချိန်တွင် တုန်လှုပ်မှုနဲ့ အံ့အားသင့်မှုတို့ကို တစ်ပြိုင်တည်း ခံစားလိုက်မိလေသည်... မှန်ထဲမှ သူမရဲ့ပုံရိပ်သည် လှပသော်လည်း ရင်းနှီးမှု မရှိပါချေ... သူမ မ်က္လုံးတို့ကို အတင်းပိတ်ပြီး ပြန်ဖွင့်လိုက်သော်ငြား ထိုပုံရိပ်ဟာ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ...

ယခုအခြေအနေသည် သူမ မျှော်လင့်ထားခဲ့သလို အိမ္မက္တစ္ခု ဟုတ်မနေခဲ့ချေ...

ချန်းဟွမ်သည် အသက်ပြင်းပြင်းရှုလိုက်ရင်း နံရံကို မွီလိုက္ကာ စိတ္ကို တည်ငြိမ်အောင်လုပ်လိုက်လေ၏...

သူမရဲ့မ်က္လုံးတို့ကို မွိတ္လိုက္ကာ သူမ ရရှိလိုက်သောမှတ်ဉာဏ်တို့ကို ပြန်စဉ်းစားလိုက်တော့သည်... ဒါဟာ အိမ္မက္တစ္ခု မဟုတ်ခဲ့ဘူးဆိုပါလျှင်... သူမ မီးစင်ကြည့်ကနိုင်ရန် မူလပိုင်ရှင်၏အကြောင်းတို့ကို အနည်းအကျဉ်း သိဖို့ လိုအပ်သည်လေ... သို့သော် သူမ ရရှိထားသောမှတ်ဉာဏ်တို့မှာ အပိုင်းအစများသာဖြစ်နေခဲ့ပြန်တယ်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now