ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 216 0
                                    

Chapter 42

{ Liveလွှင့်ခြင်း - ၃ }

တစ်ဖက်တွင်တော့ ရှုချူသည် သူ့အား စကားလာပြောသောအမျိုးသား၏ကျရှုံးမှုကို ကြည့်လိုက်ရင်း ခေါင်းတစ်ချက်ခါလိုက်ကာ သူ့စိတ်ဆန္ဒတို့ကို ပြန်ထိန်းချုပ်ပြီးနောက် သူ့သူငယ်ချင်းဆီသို့ စာတစ်စောင် ပို့လိုက်လေ၏...

ချန်နန် ခေါက်ဆွဲစားရင်းလမ်းလျှောက်နေစဉ်၌ သူ့သူငယ်ချင်းဆီမှ မက်ဆေ့စ်ကို ရလိုက်တာကြောင့် အနည်းအံ့သြသွားမိလေသည်... သူငယ်ချင်းဖြစ်တဲ့ရှုချူက သူ့အာ စနောက်နေခြင်း မဟုတ်ကြောင်း သေချာသွားတဲ့အခါ ထိုဆိုင်မှ ဘာဘီကျူးကို မြည်းစမ်းကြည့်ချင်မိတော့၏...

သူ ရှုချူဆီမှမက်ဆေ့စ်ရပြီးနောက်တွင် ညဈေးတန်းဆီသို့ ပြန်ထွက်လာခဲ့လေသည်... သူ ကားထဲမွ ဆင်းလိုက်ချိန်၌ ခေါက်လို့ရတဲ့ဆယ်လ်ဖီတုတ်ချောင်းကို ဆြဲထုတ္လိုက္ကာ စတင်liveလွှင့်လေ၏...

သူ့ချန်နယ်မှာ ပရိသတ်များစွာက သူ့အား စောင့်နေကြပြီဖြစ်လေသည်... ချန်နန် Liveစလွှင့်ချိန်တွင် ပရိသတ္တို့အား နှုတ်ဆက်လိုက်ပြီးနောက် လိုရင်းကို ဆက်လိုက်သည်...

" ကျွန်တော့်သူငယ်ချင်းတစ်ယောက် အကြံပေးထားတဲ့အသားကင်ဆိုင်မှာ ဘာဘီကျူး စားကြည့်ဖို့ မနေ့က သွားခဲ့ပေမယ့် အဲ့နေ့က ဆိုင်ပိတ်နေတာ မှတ်မိကြတယ်မလား... ဒါပေမယ့် ခင်ဗျားတို့တွေ သိတဲ့အတိုင်း ကျွန်တော်က အစားအသောက်ကောင်းတွေကို လွယ်လွယ်လေးနဲ့ လက်လွှတ်ပေးလေ့မရှိဘူးဗျ... ဒါကြောင့်လည်း ဒီနေ့ထပ်လာခဲ့တာ ဒီနေ့တော့ ဆိုင်ဖွင့်တယ်ဗျ... အခု ဒီဆိုင်ရဲ့လက်ရာကို မြည်းစမ်းကြည့်လိုက်အုံးမယ်နော်... "

ထိုသို့ဖြင့် ချန်နန်သည် ကင်မရာကို ကြည့်ရင်း ဆက်တိုက်စကားပြောနေခဲ့လေ၏...

" မြန်မြန်သွားမှ ကုန်သွားရင် ဒီနေ့လည်း လှည့်ပြန်နေမှာ ပရိသတ္တို့... "

ဆိုင်နှင့်နီးလာတဲ့အခါ ဆိုင်ထဲမှအသားကင်နံ့က်ုရသွားခဲ့ချိန်တွင်လည်း " Woww... အနံ့က မွှေးနေတာပဲ... " ဟု ပြောပြန်သည်...

ချန်နန်သည် မိုးကာအောက်သို့ ဝင်လာပြီးနောက်တွင် ဆိုင်ထဲရှိနေရာများကို သေချာရိုက်ပြပြီးနောက် ပါဝင်ပစ္စည်းများကို ရိုက်ပြလေသည်... ပါဝင်ပစ္စည်းများဟာ အတော်လေးလတ်ဆတ်ကြောင်းကိုလည်း ချီးကျူးနေမိသေး၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now