ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.1K 181 0
                                    

Chapter 133

လီခန်းယီသည် ရုံကျန်းပလာဇာသို့မသွားမီ တနင်္ဂနွေနေ့နံနက်အစောပိုင်း၌ မိဘများထံ ဖုန်းခေါ်ပြီး  အားလပ်ရက်များ၌ လာလည်နိုင်မည် မဟုတ်ကြောင်း အသိပေးခဲ့သည်။

သူသည်ဆိုင်တွင် တစ်နေကုန်ထိုင်စောင့်နေခဲ့သော်လည်း

နောက်တစ်ကြိမ်စိတ်ပျက်သွားရပြန်၏။

ချန်းဟွမ်သည် ဤတစ်ကြိမ်တွင်လည်း အားလပ်ရက်အပန်းဖြေခရီးထွက်သွားခဲ့ပြီဖြစ်သည်။

နှစ်သစ်ကူးအားလပ်ရက်များသည် စနေမှ တနင်္လာနေ့အထိဖြစ်၏။

သားအဖသုံးယောက်သားသည် အားလပ်ချိန်များကို အပြည့်အဝအသုံးချနိုင်စေရန် သောကြာနေ့ နေ့လည်ကတည်းက ထွက်ခွာရန် စီစဉ်ထားသည်။

ပြီးလျှင်ညအိပ်ပြီး နောက်တစ်နေ့ နေထွက်ချိန်ကို အတူရှုစားကြမည်။

သူတို့ သုံးဦးစလုံးတွင် ဤခရီးစဉ်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော မျှော်လင့်ချက်များ ရှိကြပြီး  ရက်အတော်ကြာ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြ၏။

ကျန်းမင်ယွမ်၏ကားသည် ညနေ ၄ နာရီတိတိတွင် ချန်းဟွမ်၏အဆောက်အဦးအပြင်ဘက်သို့  ရောက်ရှိလာသည်။

ကျန်းမင်ယွမ်က အစည်းအဝေးပြီးပြီးချင်း ရုံးမှ တိုက်ရိုက်လာခဲ့ခြင်းဖြစ်၏။ဒရိုင်ဘာက ကားရပ်ပြီးနောက် ကျန်းမင်ယွမ်အတွက် တံခါးလာဖွင့်ပေးသည်။

"ဒီမှာစောင့်နေပါ " ကျန်းမင်ယွမ်က အပေါ်ထပ်သို့ တစ်ကိုယ်တည်းတက်မသွားမီ လှမ်းပြောလိုက်၏။

ကျန်းမင်ယွမ်ထံ၌ ချန်းဟွမ်၏အိမ်တံခါးအပိုသော့ရှိသော်လည်း သူကမသုံးဘဲ တံခါးဘဲလ်ကိုသာနှိပ်လိုက်သည်။

ထိုအခါ အိမ်တွင်းမှ ခြေသံကြားရပြီး သိပ်မကြာခင်၌ ချန်းဟွမ်က တံခါးလာဖွင့်ပေး၏။

ချန်းဟွမ်က ပေါ့ပါးချောင်ချိသော အဝတ်အစားတစ်ချို့ကို ၀တ်ဆင်ထားပြီး မိသားစုစတိုင်အိမ်တွင်းစီးဂွမ်းဖိနပ်ကိုစွပ်ထားသည်။

သူမ၏မျက်ခုံးနှစ်ဖက်သည် ဆေးကူထားပုံရပြီး

မိတ်ကပ်လိမ်းထားသည်မှာ သေချာ၏။

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora