ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.6K 264 0
                                    

Chapter 14
{ အိမ်စာတွေ လုပ္မယ္လို့ ကတိပေးတယ် - ၁ }

အိမ်ပြောင်းရွှေ့ခြင်းက သေးငယ်တဲ့ကိစ္စတစ်ခုတော့ မဟုတ်ပေ...

ပထမဦးဆုံးအနေနဲ့ တိုက်ခန်းများကို သွားကြည့်ရန် လိုအပ်ပေသည်...အင်တာနက်တွင် သူမ နှစ်သက်သောနေရာအချို့ရှိခဲ့သော်လည် ထိုနေရာတို့ကို သူမမျက်လုံးဖြင့် သေချာစစ်ဆေးရန် လိုအပ်နေသေးသည်...

သို့သော် သူမက ကေလးအား ထိုနေရာများကို ကြည့်ရန် သူမနှင့်အတူ ခေါ်ဆောင်သွားရန် ခက်ခဲနေသလို အိမ်တွင် ထားခဲ့ကာသူမ တစ်ယောက်တည်း သွားရန်လည်း အဆင်မပြေချေ...ထိုကြောင့် သူမက တစ်နေ့ကိုအနည်းဆုံး နှစ်နာရီလောက်သာ အပြင်ထွက်သွားပြီး ကျန်တဲ့အချိန်တွေကို ရှင်းရှင်းလေးနှင့်အတူတူ ဖြုန်းရန် စဉ်းစားလိုက်ရသည်...

ကလေးလေးသည် အရင်ချိန်များက ဘာမှမသင်ကြားရသည်ကြောင့် တချို့အကြောင်းအရာတို့ကို သိပ်နားမလည်ပေ... ထို့ကြောင့်လည်း ချန်းဟွမ်က အချိန်အများစုတွင် ကေလးအား သင်ပြပေးတတ်၏...

အသုံးမဝင်သောဗဟုသုတဟူ၍ မရှိချေ...

ချန်းဟွမ်က ရှင်းရှင်းလေးအား လူကြီးတွေကို ဘယ်လိုစကားပြောရမယ်... အပြင်မှာ လမ်းပျောက်သွားလျှင် ဘယ်သူရှာရမယ်... အိမ်မီးလောင်ရင် ဘာလုပ်ရမယ် စသဖြင့်သောအကြောင်းအရာတချို့ကို သင်ကြားပေးထားလေသည်...

ရှင်းရှင်းလေးပ ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့် အကြိမ်အနည်းငယ်ကြာလောက် ပြောပြ လုပ်ပြလိုက်သည်နှင့် အားလုံးကို မှတ်မိသွားသည်... နောက်ပိုင်းတွင်တော့ ချန်းဟွသည် ကေလးက နံပါတ်များကို မှတ်ရာတွင် အတော်လေးကျွမ်းကျင်သည်ဟု သတိထားမိလာ၏...

ရှင်းရှင်းလေးသည် နံပါတ်၁၁လုံးပါသောဖုန်းနံပါတ်ကို တစ်ကြိမ်တည်းကြည့်ပြီး အလွတ်မှတ်မိနေတတ်သည်... သူသည် ဒီဂ်စ္တယ္နာရီကို အကြိမ်အနည်းငယ်ကြည့်ပြီးနောက်တွင် နာရီကြည့်နည်းကို သိသွားပြန်သည်...

ဒီလိုအရည်အချင်းမျိုးတွေကို တွေ့ရချိန်တွင် သူမ တအံ့တသြတော့ မဖြစ်သွားခဲ့ပေ... အဘယ့်ကြောင့်ဆိုသော် ဒီကလေးသည် ဇာတ်လိုက်ရဲ့သားဖြစ်နေသည်... ထို့ကြောင့် သူ့တွင် ဇာတ်လိုက်တစ်ယောက်လို ထူးချွန်သည့်အရည်အချင်းမျိုးရှိနေသည်က အထူးအဆန်းတော့ မဟုတ်ပေ...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Onde histórias criam vida. Descubra agora