ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

6.6K 336 2
                                    

Chapter 2
{ သားတစ်ယောက် - ၂ }

ကံကောင်းစွာနဲ့ပဲ သူမဟာ ကေလးကို ၉လနှင့်ပင် ဆေးရုံတွင် ချောချောမွေ့မွေ့ မွေးဖွားနိုင်ခဲ့လေတယ်... သို့သော်ငြား သူမက ကေလးကို အသုံးခ်ကာ ချမ်းသာကြွယ်ဝသောမိသားစုထဲဝင်မည်ဆိုသောအကြံအစည်ကိုတော့ ယာယီထိန်းချုပ်ထားလိုက်ရလေ၏...

သို့သော်လည်း တစ်နေ့တွင်တော့ သူမသားသည် ထိုမိသားစုထဲဝင်နိုင်ကာ သူမသည်လည်း ချမ်းသာကြွယ်ဝနေထိုင်ရလိမ့်မည်ဟု မျှော်လင့်ရင်း သူမသားရဲ့မျိုးရိုးနာမည်ကို ကျန်းဟုပေးခဲ့ချေသည်...

ချန်းဟွမ်သည် ကေလးကို ဆက်မွေးထားရန် ရည်ရွယ်ထားသောငြား ကလေးအပေါ်တွင် ချစ်ခြင်းမေတ္တာတစ်မှုန့်လေးမျှမရှိပါလေ... မွေးကင်းစကလေးများဟာ အချိန်တော်တော်များများ ငိုနေတတ်တာကြောင့် လအတော်တန်ကြာချိန်မှာတော့ သူမက ကလေးအပေါ်မေတ္တာစိတ် လုံးဝကုန်ခမ်းသွားလေတော့သည်...

မူလပိုင်ရှင်သည် သူမခန္ဓာကိုယ်ကို အသုံးခ်ကာ အကျိုးအမြတ်ရပြီးနောက်တွင်တော့ ထိုအလုပ္ကို ဆက်မလုပ်တော့ပေ... သူမက ငယ်ရွယ်ပြီး လှပတာကြောင့် အရမ်းချမ်းသာကြွယ်ဝသောမိသားစုထဲမဝင်နိုင်ခဲ့လျှင်တောင် ဒုတိယအဆင့်ချမ်းသာကြွယ်ဝသောမိသားစုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု တွေးထားလေ၏...

အပြောလွယ်သော်ငြား လက်တွေ့အလုပ်တွင်တော့ ခက်ခဲကြစမြဲပင်... ချမ်းသာကြွယ်ဝသောမိသားစုထဲမှ တစ်ဦးဦးနှင့် တွဲချိတ်နိုင်ရန် အဆက်အသွယ်ကတော့ လိုအပ်မြဲဖြစ်ပေသည်။... ချန်းဟွမ်က လူတချို့နှင့် တွေ့ခဲ့သော်လည်း ၎တို့အားလုံးနီးပါးမွာ ဘီယာဗိုက်ပူကြီးများရှိသောအသက် ၄၀ ၅၀နီးပါးမှလူများသာဖြစ်နေတတ်၏... ထိုသူတို့၏သားသမီးမ်ားမွာ သူမထက်ပင် အသက်ကြီးနိုင်လောက်သည်။...

သူမသည် ဘား၌ မစ္စတာကျန်းနှင့် တွေ့ပြီးနောက်တွင် ငွေကြေးတင်မက အဆင့်အတန်းကိုပါ မက်မောခဲ့တာကြောင့် ထိုအခြင်းအရာနှစ်မျိုးလုံးရှိသောယောကျ်ားကိုသာ ရှာဖွေနေတော့သည်... သို့သော် ထိုသို့သောယောကျ်ားမျိုးမှာ ရှားလွန်းလှ၏... ထို့ပြင် ထိုယောကျ်ားမျိုးက သူမလိုလူမျိုးကို ဘာကြောင့်များ နှစ်သက်မည်လဲ...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Opowieści tętniące życiem. Odkryj je teraz