ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 229 0
                                    

Chapter 70

{ ယုံဖို့ရန် ခက်ခဲ - ၃ }

" မေမေတို့ နေရာသွားကြည့်ရမှာမို့လို့ သားလေး မြန်မြန်စားနော်...  "

ချန်းဟွမ် သားဖြစ်သူ၏ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွဆွဲလိုက်ရင်း ပြောလိုက်သည်...

ရှင်းရှင်းလေးသည် ' နေရာသွားကြည့်မည် 'ဟူသောစကားကြားလိုက်ချိန်တွင် အံ့သြသွားခဲ့လေသည်... " မေမေ... သားတို့က အိမ် ထပ်ပြောင်းရအုံးမှာလား... သားကတော့ ထပ်မပြောင်းချင်တော့ဘူး... " ကလေးလေးသည် အနည်းငယ်ဝမ်းနည်းသွားဟန်ဖြင့်ဆိုလေ၏...

ပေါက်စီလုံးလေးသည် လက်ရှိနေထိုင်နေသောအိမ်ကို အတော်လေးနှစ်သက်နေပြီပင်...

" အိမ်ပြောင်းမှာ မဟုတ်ပါဘူး... ဆိုင်နေရာ ပြောင်းမလို့ပါ သားရယ်... "

ချန်းဟွမ် ရှင်းရှင်းလေးအား အသေအချာရှင်းလင်းပြလိုက်သည်...

" ရှင်းရှင်းက မေမေ အခု အလုပ်လုပ်နေရတဲ့နေရာကို သိတယ်မလား... အဲ့နေရာက လေနည်းနည်းလေးတိုက်လိုက်တာနဲ့ အရမ်းအေးလွန်းတယ်လေ...  "

မိုးကာ ကာထားသော်ငြား လေထန်လွန်းသောနေ့မျိုးတွင် ထိုမိုးကာမှာ အသုံးမဝင်လှပါချေ...

ရှင်းလေးက စိုးရိမ်နေသောမျက်ဝန်းတို့ဖြင့် မိခင်ဖြစ်သူအား ကြည့်ရင်း ခေါင်းညိမ့်ပြလိုက်ကာ ပြန်ပြောလေ၏...

" မေမေ အနွေးထည်သေချာဝတ်မှဖြစ်မယ်နော်... "

" ဟုတ်ပါပြီ... "

ချန်းဟွမ် သားဖြစ်သူ၏ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ကာ စကားဆက်လိုက်သည်

.. " အခုမေမေတို့ သွားကြည့်ရမယ့်နေရာက စားသောက်ဆိုင်လို ဆိုင်ခန်းမျိုးလေ... အဲ့လိုသာ ဆိုင်ခန်းနေရာတစ်ခုမှ ဆိုင်ဖွင့်နိုင်ရင် ညပိုင်းဆိုရင် မေမေက ရှင်းရှင်းလေးနဲ့ အိမ်မှာတူတူ နေလို့ရသွားပြီပေါ့... "

ရှင်းရှင်းလေးသည် မိခင်ဖြစ်သူ၏  ' အိမ်မှာတူတူနေလို့ရသွားပြီးပေါ့ 'ဆိုသောစကားကို နားထောင်ပြီးနောက်တွင် အလွန်ပျော်ရွှင်သွားခဲ့၏... ကလေးလေးသည် ပန်းကန်ထဲတွင် ကျန်နေသောကြက်ဥလိပ်ကို အမြန်ကုန်အောင်စားလိုက်ပြီးနောက် ချန်းဟွမ်လက်ကို ဆွဲရင်း " မေမေ မြန်မြန်လာ... ဆိုင်ခန်းသွားကြည့်ကြမယ်...  "

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Unde poveștirile trăiesc. Descoperă acum