ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 209 0
                                    

Chapter 51
{ Bossရဲ့သား - ၃ }

ရှင်းရှင်းလေး၏အော်သံကို ဆိုင်ထဲရှိလူတော်တော်များများကပါ ကြားသွားခဲ့ပြီးဖြစ်ပြီး ယခုတွင် ဆိုင်ရှင်အမျိုးသမီးလေးကပါ သူ့အား နောက်နေ့မှပြန်လာရန် တောင်းဆိုလို့နေလေပြီ...

လီကျောင်းရီဟာ လူအများရဲ့အာရုံစိုက်ခံရမှုကို မနှစ်သက်ပါလေ... ထို့ကြောင့်လည်း သူဟာ အထွန့်တက်မနေတော့ဘဲ ထြက္သြားရန္သာ ဆုံးဖြတ်လိုက်လေသည်... ဘာပဲဖြစ်ဖြစ် ဒီကလေးလေးဟာ သူ့Bossနှင့်ပတ်သက်မှု ရှိရန် အလှမ်းဝေးလွန်းလှသည်လေ...

" ကျွန်တော်က ကေလးကို လန့်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး... "

လီကျောင်းရီဟာ ထိုသိုဆိုကာ ပြာပြာသလဲဖြင့် နာရီအား ကြည့်လိုက်ပြီးနောက်တွင် " ကျွန်တော်လည်း နောက်ကျနေပြီမို့လို့ နောက်မှ ထပ်လာခဲ့ပါတော့မယ်... "

~~

ည၈နာရီခွဲအချိန်~~~

ကျန်းမင်ယွမ်သည် ယနေ့အတွက် အလုပ်အားလုံးပြီးဆုံးသွားခဲ့သောကြောင့် သူ့ရှေ့မှ ကွန်ပြူတာကို ပိတ္လိုက္ကာ အပေါ်အင်္ကျီအား ကောက်ယူလိုက်ပြီး ရုံးဆင်းရန် ပြင်လိုက်ချေတယ်...

ထိုစဉ် ဖုန်းဆီမှ မြည်သံတစ်ခုပေါ်ထွက်လာခဲ့ချေတယ်... ကျန်းမင်ယွမ်ဟာ ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေသောဖုန်းခေါ်သူ၏နာမည်ကို ကြည့်ပြီးနောက် အနည်းငယ်စိတ်ရှုပ်သွားပုံပင်... စိတ်ရှုပ်သွားခဲ့ပေမယ့်လည်း ဖုန်းကိုင်လိုက်ပေသည်...

" အေမ... "

" သား အလုပ်ဆင်းပြီလား... " ဖုန်းတစ်ဖက်ဆီမှ နူးညံ့သိမ်မွေ့သောအသံတစ်ခုထွက်လာခဲ့လေသည်... သူမ အသံဟာ နူးညံ့သိမ်မွေ့သော်လည်း တစ္ဖက္သားအား ဘာမျှပြန်ပြောခွင့်မပေးပါလေ... " သားကြိုက်တဲ့ဟင်းတွေ ချက်ဖို့အတွက် စားဖိုမွူးကို ပြောထားတယ် သိလား... ဒီနေ့ည အိမ္ကို ပြန်လာခဲ့အုံးနော်... "

" ဒါပေမယ့် ကျွန်တော့်မှာ လုပ္စရာ... "

" အေမက ရှောင်ကျိုးကို မေးထားပြီးပြီနော်သား... ဒီနေ့ည သားကိုယ်တိုင် လုပ်မှရမယ့်အလုပ်ကိစ္စ မရွိဘူးလို့ သူက ပြောတယ်..." အမေကျန်း ထိုသို့ဆိုကာ ခေတ္တရပ်လိုက်ပြီးနောက် စကားပြန်ဆက်ပြန်၏... "

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin