ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 218 0
                                    

Chapter 38

{ ယောက်ျားဖြစ်တဲ့သူ မရှိတော့ ခက်ခဲမှာပဲနော် - ၂ }

" အို ဖြစ်ရလေ... "

အနှီအမျိုးသမီးငယ်လေးသည် ချန်းဟွမ်၏ခင်ပွန်းမှာ မြို့ပြင်တွင် သွားအလုပ်လုပ်နေသည်ဟု ယူဆလိုက်ပုံပင်...

" ကျွန်မသားကို ကျွန်မရော ကျွန်မယောက်ျားရော ကျွန်မယောက္ခမရော ဝိုင်းထိန်းတာတောင် တော်တော်လေး ပင်ပန်းနေတာ... ယောက်ျားဖြစ်တဲ့သူ မရှိတော့ ခက်ခဲမှာပဲနော်... "

အနှီအမျိုးသမီးက ထိုသို့ဆိုကာ ခေတ္တရပ်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး စကားဆက်ပြန်၏... " ကလေးတစ်ယောက်ကို စောင့်ရှောက်ဖို့ ငွေကြေးကုန်သလို ခန္ဓာကိုယ်လည်း အရမ်းပင်ပန်းတာလေ... ယောကျ်ားဖြစ်တဲ့သူက ဒါတွေကိုမှ မကူညီပေးနိုင်တာ ဘာလို့အိမ်ထောင်ပြုလိုက်ရတာလဲရှင်... "

ထိုအမျိုးသမီးက ထိုစကားတို့ကို ပြောနေရင်းနဲ့ သူ့ယောကျ်ားက သူ့ကို တစ်ချိန်လုံး မည်သို့အကူအညီပေးကြောင်း ကြွားလုံးထုတ်လို့နေသေးသည်... ချန်းဟွမ်ကတော့ သူမရဲ့ကြွားလုံးများကို ပြုံးပြုံးဖြင့်သာ နားထောင်ကာ ဘာမျှပြန်မပြောခဲ့ချေ...

ယောက်ျားလား...သူမသာ ယောကျ်ားလိုချင်လျှင် ရခဲ့သည်မှာကြာလှပေါ့... ချန်းဟွမ် ထိုသို့သောကိစ္စကို စိတ်မဝင်စား၍သာ...

သူမတို့ စကားစမြည်ပြောနေ့ကြရင်း ၅နာရီထိုးခါနီးသို့ ရောက်လာခဲ့ပြီး ရကျောင်းဆီမှ ပျော်ရွှင်မြူးထူးဖွယ်ကောင်းသောသီချင်းသံတစ်ခု ထွက်လာလေသည်... ထိုသီချင်းသံလေးကြောင့် ကျောင်းတံခါးရှေ့နားသို့ ကျောင်းသားမိဘများအားလုံး တိုးကပ္လာ၏... မိဘတိုင်းက ၎တို့၏ကေလး ကျောင်းထဲမှ ထွက်လာခြင်းကို လွန်စွာတွေ့ချင်နေကြသည်...

ချန်းဟွမ်ပင် ရှေ့သို့ခြေလှမ်းတစ်လှမ်းနှစ်လှမ်းလောက် အတွန်းခံလိုက်သေး၏... နောက်ဆုံးတွင်တော့ သူမသည် တခြားသူနှင့် အတွန်းမခံရစေရန် နေရာပြောင်းနေလိုက်သည်...

ချန်းဟွမ်က တံခါးကြားမှဟနေသောနေရာလေးမှ အထဲသို့ ချောင်းကြည့်လိုက်သည်... ခေတ္တအကြာတွင်တော့ ဆရာမတချို့က ကေလးမ်ားကို ခေါ်ထုတ်လာခြင်းကို တွေ့လိုက်ရသည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin