ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 230 0
                                    

Chapter 110

{ ငါ့သားအမေရဲ့အိမ်မှာ ညစာစားပြီးပြီ - ၃ }

ကျန်းမင်ယွမ် သည် စားဖိုမှူးတော်တော်များများ၏ဟင်းပွဲတို့ကို စားခဲ့ဖူးသော်လည်း ထိုဟင်းပွဲများနှင့် နှိုင်းယှဥ်လျှင် ချန်းဟွမ်၏ဟင်းပွဲများက ပိုလို့ပင် အရသာရှိနေခဲ့လေသည်...

သူ မြည်းစမ်းကြည့်ပြီးနောက်တွင်တော့ လက်မထောင်ပြလိုက်ပြီး အမှန်တိုင်းချီးကျူးလိုက်သည်

" တကယ် အရမ်းအရသာရှိတယ်... "

သူမ၏ဟင်းပွဲ ချီးကျူးခံရခြင်းသည် ချန်းဟွမ်ကို အမှန်တကယ် ပျော်ရွှင်စေ၏... သူ့ စကားကြောင့် သူမ အကြည့်တို့မှာ အနည်းငယ် ပိုတောက်ပလာခဲ့ကာ ထိုအမျိုးသားကိုပင် ပြုံးပြလိုက်သေးသည်..

. ထိုအပြုံးလေးကို မြင်တွေ့လိုက်ရချိန်၌ ကျန်းမင်ယွမ်၏ဘယ်ဘက်ရင်အုံရှိနှလုံးခုန်နှုန်းတို့ ပြင်းထန်လာခဲ့သည်ဟု ခံစားလိုက်ရသည်...

ချန်းဟွမ်က ညစာအတွက် အသားဟင်းနှင့်ဟင်းသီးဟင်းရွက်ဟင်း နှစ်မျိုးကိုသာ ပြင်ဆင်ထားခြင်းပင်... သူမတို့က ၃ယောက်သာ ရှိတာကြောင့် များများစားစား မချက်ပြုတ်ခဲ့ခြင်းဖြစ်သည်...

ညစာစားပြီးနောက် ကျန်းမင်ယွမ်က သန့်ရှင်းရေးအတွက် ကူညီပေးခဲ့၏... သူ့ အသက် ၁၈နှစ်အရွယ်တွင် နိုင်ငံခြားတွင် ပညာသင်ကြားရန်အတွက် တစ်ယောက်တည်းထွက်လာခဲ့ဖူးတာကြောင့် သန့်ရှင်းရေးကိစ္စကိုတော့ ဖြေရှင်းနိုင်ပေသည်.

သူ ပန်းကန်များ ဆေးကြောပြီးသည်နှင့် ချန်းဟွမ်နှင့် ရှင်းရှင်းလေးတို့နှစ်ဦးကို နှုတ်ဆက်စကားဆိုလိုက်၏...

သို့သော် ရှင်းရှင်းလေးမှာတော့ အဖေဖြစ်သူကို နှုတ်ဆက်ရန် အဆင်သင့်ဖြစ်ပုံမရေပ...

သားအဖနှစ်ယောက်သည် ဓါတ်လှေကားအထိ ရောက်ချိန်တွင်မှ စကားစဖြစ်တော့သည်...

" ဖေဖေ မနက်ဖြန်လာမှာလား... "

" လာမှာပေါ့ " ကျန်းမင်ယွမ်က အသေအချာပြန်ဖြေလိုက်သောကြောင့် ရှင်းရှင်းလေး၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့လေ၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora