ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 201 0
                                    

Chapter 26
{ အသားကင်ခြင်း - ၁ }

" အစားအသောက်တွေလေ... "

ချန်းဟွမ် အထုတ်များကို မီးဖိုချောင်သို့ ယူသွားရင်း သူမေနာက္သို့ အမြီးလေးလို တကောက်ကောက်လိုက်နေသောကလေးပေါက်လေးအား ပြန်ဖြေလိုက်သည်... အထုပ်အားလုံးက်ု စားပွဲပေါ်တင်လိုက်ပြီးနောက်တွင် သူမ သက်ပြင်းတစ်ချက်ချကာ ညည်းတွားလိုက်လေ၏...

" အမယ်လေးလေး ပင်ပန်းလိုက်တာနော်.! "

" မေမေအတွက် ရေသွားယူပေးမယ်...! "

ကလေးလေးက အပူဒဏ်ကြောင့် သူ့အမေရဲ့မျက်နှာ နီရဲလာသည်ကို မြင်လိုက်ရသောကြောင့် ရေတိုက်ရန် ဆုံးဖြတ်လိုက်သည်...

ချန်းဟွမ် ယနေ့အတော်လေး ပင်ပန်းလာခဲ့သည်.. သူမ တစ်ရက်တည်းတွင် နေရာတော်တော်များများ၌ လိုအပ်သောပစ္စည်းနှင့်ကုန်ကြမ်းများကို ဝယ်ယူကာ အိမ်အထိ တစ်ယောက်တည်းသယ်လာခဲ့ရသည်...

သူမ စိတ်အားထက်သန်သောသားကို ကျေးဇူးတင်စကားမပြောခင် ဆိုဖာပေါ် အရင်လှဲချလိုက်၏...

" ကျေးဇူးပါ ရှင်းရှင်း"

" ရပါတယ် မေမေ "

ကလေးလေးက ယဉ်ကျေးစွာပြန်ပြောပြီးနောက်တွင် ဖန္ခြက္ကို ယူကာ မီးဖိုချောင်ထဲသို့ ရေတစ်ခွက် ဝင်ခပ်ပြီး လက်နှစ်ဖက်ဖြင့် သေချာကိုင်ကာ အရှေ့သို့ ပြန်ယူလာခဲ့သည်...

သူလေးက ဖန်ခွက်အပြည့် ရေထည့်လာသောကြောင့် လမ်းတလျှောက် ရေတချို့ဖိတ်စင်နေတော့သည်...

ရှင်းရှင်းလေးက ဖန်ခွက်ရဲ့တစ်ဝက်နီးပါး ဖိတ်စင်ကျသွားသောရေများကို တွေ့လိုက်ချိန်တွင် ငိုချင်စိတ် ပေါက်သွားမိသည်...

ချန်းဟွမ် တစ်နေကုန် ပြေးလွှားရင်း လိုအပ်သောပစ္စည်းများ ရှာဖွေနေခဲ့ရသောကြောင့် နေ့လည်စာပင် မစားခဲ့ရသေးပေ...လက်ရှိတွင် သူမ အလွန်ပင်ပန်းနွမ်းနယ်နေပြီး ဆာလောင်နေရုံမက ပူလွန်းသောကြောင့် ရေလည်းငတ်နေလေသည်...ထို့ကြောင့် သူမ လက်ထဲသို့ရောက်လာသော ရေတ၀က်သာပါသော ဖန္ခြက္ကို ချက်ချင်းမော့ချလိုက်သည်...

သို့သော်လည်း သူမသည် အချိန်ကြာကြာ မနားလိုက်ရချေ... ကြမ်းပြင်ပေါ်သို့ ဖိတ်စက်ကျနေသောရေများကို လိုက်သုတ်ရပြန်၏... ချန်းဟွမ် ပေါက်စီလုံးလေးကို ဆိုဖာပေါ်သို့ တင်ပေးလိုက်ပြီးနောက် ကြမ်းတိုက်တံဖြင့် ကြမ်းပြင်ကို သုတ်လိုက်သည်....

ကလေးပေါက်စလေးသည် ဆိုဖာပေါ်တွင် ထိုင်ကာ အေမျဖစ္သူ ကြမ်းတိုက်နေခြင်းအား ကြည့်ရင်း မပျော်ရွှင်သလို နှုတ်ခမ်းလေး စူလိုက်၏...

"မေမေ... "

ချန်းဟွမ် ရုတ်တရက်ထွက်ပေါ်လာသောပေါက်စီလုံးလေး၏အသံကြောင့် လှည့်ကြည့်လိုက်စဉ်လက်ထဲ၌ ဖန္ခြက္ကို ကိုင်ထားရင်း လေးလေးနက်နက် ပြောလာသောကလေးလေးကို တွေ့လိုက်ရသည်...

" မေမေ... သား နောက်တစ်ခါ ရေမဖိတ်အောင် လုပ်ပါ့မယ်...! "

" ဟုတ်ပါပြီရှင် "

ချန်းဟွမ်က ထိုသို့ဆိုကာ ပေါက်စီလုံးလေးနားသို့ လျှောက်လာခဲ့ပြီးနောက် ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်သည် ...တစ်ချိန်ထဲမှာပင် ကလေးလေးရဲ့ဆံပင် အတော်လေးရှည်နေပြီကို သူမသတိပြုမိလိုက်သည်။

" မနက်ဖြန်ကြရင် ဆံပင်ညှပ်ဖို့ သွားရအောင်နော် သားသား "

သူမ စကားကြောင့် ရှင်းရှင်းလေး၏ တစ်ကိုယ်လေး တောင့်တင်းသွားသည်...

ကလေးတော်တော်များများဟာ ဆံပင်ညှပ်ရခြင်းကို မနှစ်သက်ကြချေ... ရှင်းရှင်းလေးသည် ထိုကေလးငယ္မ်ားထဲမွ တစ်ဦးပင်...

ကလေးလေးက သူ့ဆံပင်တို့ကို ကိုင်တွယ်လိုက်ရင်း " မေမေ... သား ညှပ်ချင်ဘူး... "

" ညှပ်ရမယ် သား... မညှပ်ဘဲထားရင် ဆံပင်တွေ မ်က္လုံးကို ဆူးမိကုန်မယ်... "

ချန်းဟွမ်က သူမ ပြောလိုသောအကြောင်းကို ပြောပြီးနောက်တွင် ညစာစားပြဲဆီသို့ ထွက်သွားလေတော့သည်...

အမေဖြစ်သူသည် ဒီတစ်ကြိမ်တော့ သူ့ကို အလျှော့မပေးဘူးဆိုသည်ကို ခန့်မှန်းမိသောကြောင့် လက်ခံလိုက်ရပေ၏...

" ဟုတ်ကဲ့ မေမေ... "

ပေါက်စီလေးသည် ထိုစကားကို ပြောပြီးနောက် ဆိုဖာပေါ်မှ ဆင်းကာ ချန်းဟွမ်နောက်သို့ လိုက်သွားလိုက်သည်..

.

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora