ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

2.9K 176 2
                                    

Chapter 127

ကျန်းမင်ယွမ်က ကလေးအ‌ပေါ်တွင် အမြဲတမ်းစိတ်ရှည်သည်။

သူက ပေါက်စီလေး၏ခေါင်းပေါ်သို့ လက်တင်လိုက်ပြီး ညင်ညင်သာသာပွတ်သပ်လိုက်သည်

"ဖေဖေတို့ ဖိနပ်တွေက အတူတူပဲ....နှစ်ယောက်လုံး ကြည့်ကောင်းတယ်"

"ဟုတ်တယ် "  အဖေဖြစ်သူနှင့် မတွေ့ရကြာပြီဖြစ်သော ရှင်းရှင်းက အရမ်းစိတ်လှုပ်ရှားနေပုံပင်။

သူသည် ကျန်းမင်ယွမ်၏အနားသို့ထပ်ကပ်သွားကာ   ဖိနပ်ပေါ်မှ ယုန်များကို မိတ်ဆက်ပေးသည်။

  “‌ ဖေဖေ့ရဲ့ဖိနပ်တွေက တာရှုံး သားသားဟာက ရှောင်ချီ... ပြီးတော့ မေမေ့ဟာက  မိန်မိန်် ”

ရှင်းရှင်းက ဝမ်းသာအားရ ခြေထောက်ကို မြှောက်လိုက်၏။

"တာရှုံး ၊ ရှောင်ချီနဲ့ မိန်မိန်် တို့က မိသားစုတွေပဲ...သားသားတို့က မိသားစုပဲ...”

ရှင်းရှင်း၏ စကားများက ကျန်းမင်ယွမ်၏အတွင်းစိတ်ကို ထိမိသွားပုံရသည်။ သူ ရုတ်တရက် ခေါင်းလှည့်ကာ ချန်းဟွမ်ကို လှမ်းကြည့်လိုက်၏။

မျက်လုံးချင်းဆုံပြီး အချိန်အနည်းငယ်ကြာသောအခါ ချန်းဟွမ်ဘက်မှစတင်၍ အကြည့်လွှဲသည်။

ကျန်းမင်ယွမ်ကလည်း သူ၏ဖိနပ်ကိုငုံ့ကြည့်ကာ

ခပ်တိုးတိုးပြော၏။

"ဟုတ်တယ်... ဖေဖေတို့ကမိသားစုပဲ"

ချန်းဟွမ်သည် သူမ၏နားရွက်များ ပူလောင်လာသလို ခံစားလိုက်ရသည်။သူမကချောင်းဟန့်ပြီး စကားလမ်းကြောင်းလွှဲ၏။

" ဒီလောက်ပဲပြောကြတော့... ခေါက်ဆွဲတွေပွကုန်မယ်  သွားစားတော့ "

အိမ်ထောင်ရှင်မက ပြောလာပြီဖြစ်၍ ထုံးစံအတိုင်း ကျန်နှစ်ယောက်က စကားနားထောင်

ရပေမည်။

ရှင်းရှင်းက ကျန်းမင်ယွမ်၏အနောက်တွင်ကပ်လျက် ချန်းဟွမ်ကို လျှာထုတ်ပြ၏။

ထို့နောက် ကျန်းမင်ယွမ်သည် ရေချိုးခန်းထဲသို့ ဝင်သွားကာ ရေအေးအချို့ဖြင့်မျက်နှာသစ်လိုက်သည်။

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now