ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 200 0
                                    

Chapter 109
{ ငါ့သားအမေရဲ့အိမ်မှာ ညစာစားပြီးပြီ - ၂ }

ချန်းဟွမ် အသားများကို ပန်းကန်လုံးတစ်ခုထဲသို့ ခပ်ယူလိုက်ပြီး ထမင်းစားပွဲပေါ်သို့ တင်လိုက်ပြီးနောက်တွင် ရှင်းရှင်းလေးကို ခေါ်လိုက်သည်...

ကလေးလေးက အမေဖြစ်သူ၏ခေါ်သံကိုကြားလိုက်သည်နှင့် မတ်တပ်ထရပ်လိုက်ပြီး အင်္ကျီကို ခါလိုက်ကာ လက်ဆေးကြောရန် ဘေစင်နားသို့ လျှောက်လာခဲ့၏...

ယနေ့သည် ကျန်းမင်ယွမ်က ရှင်းရှင်းလေးအတွက် အဖေအဖြစ် ရောက်ရှိသောပထမဆုံးနေ့ပင်... ထို့ကြောင့်လည်း ကျန်းမင်ယွမ်သည် ကလေးလေးကို သူကိုယ်တိုင် လက်ဆေးပေးချင်နေ၏...  ကလေးငယ်က သူ့ကို ယုံကြည်အားကိုးလာစေရန် အကောင်းဆုံးအဖေဖြစ်အောင် ကြိုးစားခဲ့ချေသည်...

တိုက်ခန်းအတွင်းတွင် လေအေးပေးစက် ဖွင့်ထားပြီး ယခုအပူချိန်ဖြင့်ဆို အတော်လေး နေသာထိုင်သာရှိလှပေသည်... ကျန်းမင်ယွမ်က ခန္ဓာကိုယ်နှင့်ကွက်တိကျသောအင်္ကျီကို ဝတ်ဆင်ထားတာကြောင့် ညစာအတွက် ဝိုင်းကူညီရင်း ချွေးထွက်တာချိန်တွင် သူ၏ဆွဲဆောင်မှုရှိသောရင်ဘတ်ကြွက်သားများကို အကာအရံမရှိ မြင်တွေ့နိုင်၏...

ထိုဆွဲဆောင်မှုရှိသောမြင်ကွင်းကို မြင်လိုက်ပါသောချန်းဟွမ် အဝေးသို့ အမြန်အကြည့်လွှဲလိုက်ရသေးသည်... ဤသို့ဖြင့် ထိုသူ့ဘေးမှ ရှင်းရှင်းကို ကြည့်လိုက်မိချိန်တွင် သူမ မျက်နှာတွင် စိတ်တိုင်းမကျမှုတစ်ခုပေါ်လာခဲ့၏...

၎င်း သတိထားမိလိုက်သောရှင်းရှင်းလေးက ချက်ချင်းပင် အဖေဖြစ်သူအနောက်တွင် ဝင်ပုန်းလိုက်သည်..

ကျန်းမင်ယွမ်သည် သားဖြစ်သူက သူ၏ အနောက်တွင် ဝင်ပုန်းလာသောအခါ ရှေ့မှ ထပ်ကာပေးပြီး ချန်းဟွမ်မှ ကလေးကို မဆူစေရန်ကာကွယ်ပေးလိုက်သည်...

ချန်းဟွမ် သူ့ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်

" ကလေးကို အလိုမလိုက်နဲ့ "

" ကိုယ် အဆင်ပြေပါတယ်... ဒီလောက်လေးပဲ ဆော့တာနဲ့ ကိုယ် မပင်ပန်းပါဘူး... ရှင်းရှင်းက လိမ္မာပြီးသားပါ... "

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now