ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.5K 258 0
                                    

Chapter 15
{ အိမ်စာတွေ လုပ္မယ္လို့ ကတိပေးတယ် - ၂ }

" မေမေ... "

ရှင်းရှင်းလေးက အမေဖြစ်သူဆွဲထားသောပုံလေးကို ကိုင်ကြည့်ပြီးနောက်တွင် ချန်းဟွမ်ကို မွီလိုက္ကာ ပုံထဲမှအခန်းတစ်ခန်းကို ညွှန်ပြရင်း " ဒီနေရာက သားနဲ့မေမေနဲ့ တူတူနေရမယ့် နေရာလား " ဟု မေးလာလေသည်...

" ဟုတ်တာပေါ့... အဲ့နေရာက မေမေနဲ့သားနဲ့ တူတူနေရမယ့်နေရာ... "

ထိုသို့ဆိုပြီးနောက် သူမက တခြားအခန်းငယ်လေးများကို ထောက်ပြပြီး

"ဒါက ဧည့်ခန်း၊ ဒါလေးက မီးဖိုချောင်၊ ပြီးတော့ ဒါက မေမေတို့ရဲ့စာကြည့်ခန်းလေးပေါ့... အဲ့အခန်းလေးထဲမှာ စာအုပ်တွေအများကြီး ထည့်ထားမယ်... သားသားလေးကလည်း အဲ့အခန်းထဲမှာ ဖတ်လို့ရပြီလေ... "

သူမကို မှီတွယ်ထားသောပေါက်စီဖြူလုံးလေးအား ပြန်ငုံ့ကြည့်လိုက်ကာ " ဒါတင်မကသေးဘူး... အဲ့အခန်းလေးထဲမှာ အိမ်စာတွေတောင် လုပ်လို့ရတယ်..."

ကလေးလေးသည် သူ့အမေစကားဆုံးသည်နှင့် ချက်ချင်းပင် ပြန်ဖြေရှာသည်... " သားကအိမ်စာလုပ်ရတာ ကြိုက်တယ် မေမေ... "

ချန်းဟွမ်သည် မကြာသေးမီက ပေါက်စီလေးအား စာသင်ပြီးချိန်တွင် တစ်ခါတစ်ရံ၌ အိမ်စာတချို့ပေးလေ့ရှိသည်... သူမက ၎တို့ကို " အိမ္စာတာဝန္မ်ား " ဟုခေါ်သော်လည်း အမှန်တကယ်တော့ ထိုအိမ္စာမ်ားဟာ ဂိမ်းများနှင့် ပိုတူလေသည်... ပေါက်စီလုံးလေးက အိမ္စာတို့ကို ပြီးမြောက်သွားသောအခါ ဆုလာဘ်များရရှိတာကြောင့် အိမ်စာတို့ကိုလွန်စွာနှစ်သက်ချေတယ်...

သူသည် ယခုနောက်ပိုင်းတွင် ကောင်းကောင်းစားခဲ့ပြီး အာဟာရလည်း ပြည့်ဝလာခဲ့သည်ကြောင့် ပေါက်စီလုံးလေးလိုဖောင်းဖောင်းလေးဖြစ်နေ၏...ထိုပါးဖောင်းဖောင်းနဲ့ပေါက်စီလုံးလေးဟာ စကားပြောတဲ့အခါ နှုတ်ခမ်းဆူဆူလေးဖြစ်နေတတ်ရုံတင်မက သူ့ပါးလုံးလုံးလေးတို့မှာ ပိုလို့ပင် ပြည့်ဖောင်းဖောင်းဖြစ်နေတတ်သေး၏...

ချန်းဟွမ် ထိုပါးဖောင်းဖောင်းလေးတို့ကို မြင်တိုင်း ဆွဲညှစ်ချင်စိတ်ကို ထိန်းမရတော့ချေ... ထို့ကြောင့် သူမ ပေါက်စီလုံးလေး၏ပါးကို ခပ်ဖွဖွဆွဲလိုက်ရင်းဖြင့် " တကယ္လား.. နောက်ပိုင်းကြရင် သားက အိမ်စာလုပ်ရတာကိုမကြိုက်တော့ရင် ဘယ္လိုလုပ္မလဲ? "

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin