ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3K 186 0
                                    

Chapter 129

ကျန်းမင်ယွမ် ချန်းဟွမ်ထံမှ သကြားလုံးဘူးကို ယူကာ လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။  "ကျေးဇူးပဲ"

"ရပါတယ်... "  ချန်းဟွမ်က ဓာတ်လှေကားရှေ့ထိလိုက်လာပြီး ကျန်းမင်ယွမ်နှင့်အတူ အထဲဝင်ရန်ပြင်၏။

ထိုအခါ ဓာတ်လှေကားအတွင်း၌ရှိသောကျန်းမင်ယွမ်ကတံခါးကိုပိတ်ရပ်သည်။

" အေးတယ်...လိုက်မပို့နဲ့တော့.... အိမ်ထဲပြန်သွားလိုက် "

ချန်းဟွမ်သည် အပေါ်ဝတ်အင်္ကျီကို ချွတ်ထားပြီးပြီဖြစ်သည်။လေအေးများ တိုက်နေ‌သောကြောင့် အေးခဲလုမတတ်ဖြစ်နေရှာ၏။

ချန်းဟွမ်က ဓာတ်လှေကားထဲမှ ကျန်းမင်ယွမ်အား လက်ဝှေ့ယမ်းပြလိုက်သည်။

" ဒါဆိုလည်း ဂရုစိုက်ပြန်ပါ "

ဓာတ်လှေကားတံခါးပိတ်သွားသောအခါ ချန်းဟွမ်က တိုက်ခန်းထဲပြန်ဝင်သွားပြီး ညစာချက်မည့်ပါဝင်ပစ္စည်းများကို ရေခဲသေတ္တာထဲမှ ထုတ်ယူသည်။

ရေခဲသေတ္တာ၏ဘေးဘက်တွင် ပြတင်းပေါက်ရှိ၏။

ချန်းဟွမ်သည် ဟင်းချက်စရာများကိုထုတ်ယူနေရင်း အကြောင်းပြချက်မဲ့စွာဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ငေးနေမိသည်။

အနက်ရောင် ဆီဒင်ကားတစ်စီး ထွက်ခွာသွားသည်ကို ပရုတ်ပင်၏အရွက်များကြားမှ လှမ်းမြင်လိုက်ရ၏။

***

ကျန်းမင်ယွမ် ရုံးသို့ ပြန်ပြီး အလုပ်ခွင်ပြန်ဝင်လိုက်သည်။

သူ၏အတွင်းရေးမှူးက တံခါးခေါက်ပြီး ရုံးခန်းထဲသို့ဝင်လာ၏။

အတွင်းရေးမှူးက ကိုးကားရန်လိုအပ်သော စာရွက်စာတမ်းများကို စားပွဲပေါ်တင်ပေးပြီး ည ၈ နာရီ၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတစ်ပွဲရှိကြောင်း သတိပေးလာသည်။

“ဟုတ်ပြီ...သ်ိပြီ ”  ကျန်းမင်ယွမ်က မမေ့ပေ။

  အတွင်းရေးမှူး၏သတိပေးခြင်းကို အသိအမှတ်ပြုသောအနေဖြင့် သူ လက်တစ်ချက်ထောင်ပြသည်။

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Où les histoires vivent. Découvrez maintenant