ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.8K 289 0
                                    

Chapter 11
{ ဒီကလေးလေးက မင်းငယ်ငယ်တုန်းက ပုံစံနဲ့ မတူဘူးလား - ၂ }

ဒီနေ့အတွက်မနက်စာက ဂျုံယာဂုနဲ့ မှိုပေါင်မုန့်တို့ဖြစ်သည် ချန်းဟွမ် လိုအပ်သောပစ္စည်းအားလုံးကို သူမ နိုးတည်းက ဝယ်ထားခဲ့သည်...

ဂျုံယာဂုကို ပျစ်ပျစ်လေးဖြစ်အောင်အထိ ပြုတ်ထားတာကြောင့် မီးဖိုချောင်ထဲတွင် ယာဂုရနံ့လေး မွှေးပျံ့လို့နေချေ၏...မှိုပေါက်မုန့်လုပ်ရာတွင် အသီးအရွက်ဖျော်ရည်တို့ကို ပေါင်းထည့်ထားတာကြောင့်လည်း မုန့်တွေက အရောင်အသွေးစုံလင်လို့နေသည်... ပေါင်မုန့်အတွင်းသို့ ထည့်သောမှိုကိုလည်းအသားမှုန့်နှင့်တို့ကို ဦးစွာကြော်ထားသည်ကြောင့် ပေါင်မုန့်ကို စားလိုက်သည်နှင့်ခံတွင်းထဲသို့ စိမ့်ဝင်သွားစေသည်

သို့သော် ရှင်းရှင်းလေး၏အမြင်တွင် ပေါင်မုန့်က သေးငယ်လွန်းလို့နေ၏... မှိုပေါင်မုန့်လေးက သူ့အတွက် ၂ကိုက်စာမျှသာရှိသည်ကြောင့် တင်းတိမ်ပုံမရပေ... ချန်းဟွမ်က ရှင်းရှင်းလေးအား ကလေးတစ်ယောက် ဗိုက်ဝအောင် စားနိုင်လောက်သည်အထိသာ ကျေွးပြီးနောက် ထပ်မကျေွးတော့ချေ...

စားပြီးနောက်တွင် ပေါက်စီလုံးလေးက ကြမ်းပြင်ပေါ်သို့ခုန်ဆင်းလိုက်ကာ ချန်းဟွမ်ကိို မှီလိုက်ရင်း သူ့ဗိုက်လုံးလုံးလေးအား ပွတ်ပြလိုက်သည်။

" မေမေ... ပေါင်မုန့်တွေက အရမ်းစားလို့ကောင်းတာပဲ "

" ဟုတ်တာပေါ့...မေမေ လုပ္ထားတာပဲ စားလို့ကောင်းမှာပေါ့... " ချန်းဟွမ်က သူ့ရဲ့အချက်အပြုတ်စွမ်းရည်နှင့်ပတ်သက်ပြီး ယုံကြည်ချက်ရှိပြီးသားပင်...

ပေါက်စီလုံးလေးက သူ ယခုစားလိုက်ရသောပေါင်မုန့်သည် သူ့မနေ့ညက စားခဲ့ရေသာ သူ့အတွက် ကမ်ဘာပေါ်တွင် အမွှေးအကြိုင်ဆုံးနဲ့အရသာရှိအစားအစာဖြစ်တဲ့ ခေါက်ဆွဲထက် ပိုပြီး အရသာရှိသည်ဟု တွေးနေမိသည်... ကလေးလေးက သူ့မိခင်ဖြစ်သူအား မှီထားရင်း " မေမေ... နေ့လည်စာကိုလည်း ပေါင်မုန့်တွေပဲ ထပ်စားကြမှာလားဟင်... " ဟု မျှော်လင့်တကြီး မေးလိုက်လေ၏...

" နေ့လည်စာကို ပေါင်မုန့် မစားဘူး သား... မေမေတို့ တျခားဟာ တစ္ခုခု စားကြမယ်လေ..."

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now