Chapter 37
{ ယောက်ျားဖြစ်တဲ့သူ မရှိတော့ ခက်ခဲမှာပဲနော် - ၁ }
ကေလး၏ငိုသံကို ကြားလိုက်ရသောအခါတွင် ချန်းဟွမ်၏နှလုံးသားလေး တင်းကြပ်သွားသလို ခံစားလိုက်ရလေသည်... သူမ တွေးနေခဲ့မိသောအဖြစ်အပျက် တို့သည်လည်း သူမမျက်လုံးထဲတွင် မြင်ယောင်လာမိကာ သားဖြစ်သူအတွက် အလွန်စိတ်ပူလာမိတော့သည်..
" ဘာဖြစ်လို့လဲ သားသား အနိုင်ကျင့်ခံခဲ့ရလို့လား!! "
သူမ ထိုသို့ပြောနေရင်းနဲ့ လက်သုတ်ဝတ်ဖြင့် လက်ခြောက်အောင် သုတ်လိုက်ပြီး ကျောင်းသွားလိုက်သွားရန် သော့ယူဖို့ စဉ်းစားလိုက်လေ၏...
သူမသည် ထိုသို့အနိုင်ကျင့်ခံရသည့်ကိစ္စအားလုံးအတွက် ကြိုစဉ်းစားထားပြီးသားပင်... အကယ်၍ ကေလးက ကျောင်းတွင် အမှန်တကယ် အနိုင်ကျင့်ခံနေရပါက သူမ သူ့ကို ပြန်ခေါ်လာပြီး တခြားကျောင်းတစ်ကျောင်းသို့ ပြောင်းပေးလိုက် ပေမည်
ကလေးလေးက အေမျဖစ္သူ မေးသည်ကို ချက်ချင်းပြန်မဖြေဘဲ အနည်းငယ် ငိုယိုပြီးနောက်တွင်မှ သားးး.မေမေ့ကို အရမ်းလွမ်းလို့... "ဟုဆိုကာ အော်ဟစ်ငိုကြွေးလေတော့၏...
ရှင်းရှင်းလေးက ရုတ်တရက် ပတ်၀န်းကျင်အသစ်တစ်ခုတွင် နေရာချခံလိုက်ရသောကြောင့် အနည်းငယ် ကြောက်ရွံ့နေဆဲပင်... သူနဲ့အတူ ကစားနိုင်သည့်အရွယ်ကလေးလေး အများကြီးတွေ့ပြီးနောက် ကျောင်းတက်ရခြင်းက ဒီလောက်မဆိုးပါဘူးဟု ခံစားမိလာလေသည်... သို့သော် နေ့လယ်စာစားချိန်ရောက်လာချိန်တွင်တော့ နေ့လယ်စာစားရင်းဖြင့် အမေဖြစ်သူချက်ပေးသည်တို့ကို ပြန်လည်တွေးဆရင်း ဝမ်းနည်းလေတော့သည်...
မေမေက သူ့ကို ဘာလို့ ဒီနေရာကို ပို့လိုက်ရတာလဲ... ပြီးတော့လည်း ဘာလို့ သူ့ဆီကို ခဏလေးတောင် လာမတွေ့ရသည်လဲ... မေမေက သူ့ကို မချစ်တော့ဘူးလား..စသောအကြောင်းအရာတို့ကို တွေးကာ ဝမ်းနည်းလာသည်
ထိုအကြောင်းကို ပိုတွေးလေလေ ပိုဝမ်းနည်းလာလေပင်... ဤသို့ဖြင့် နေ့လယ်စာစားချိန်ရောက်တဲ့အခါတွင်တော့ လက်တွင်ပတ်ထားသောဖုန်းနာရီလေးကို ပြန်သတိရသွားခဲ့ပြီး မိခင်ဖြစ်သူဆီသို့ ဖုန်းလှမ်းဆက်ကြည့်ရန် စမ်းလိုက်မိခြင်းဖြစ်သည်
YOU ARE READING
ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
RomanceThe Villainess Female Supporting Character raising her bun