ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3K 206 0
                                    

Chapter 28
{ အသားကင်ခြင်း - ၃ }

ချန်းဟွမ်တစ်ယောက် မီးသွေးခဲများကို မီးဖိုအတွင်း၌ အဆင်သင့်နေရာချပြီးနောက် ခေတ္တအကြာတွင် သိသိသာသာ အပူရှိန်မြင့်တက်လာသည်.. ထိုချိန်တွင် သူမက အသားမ်ားကို မီးဖိုပေါ် တင်လိုက်လေတော့သည်... အသားမ်ား တဖြည်းဖြည်းအရောင်ပြောင်းလာသောအခါတွင် အသားပေါ်သို့ မြေပဲဆီ အနည်းငယ်မျှ သုတ်လိုက်သေး၏...

သူမ ဘာဘီကျူးကင်ကို မလုပ်ခဲ့ဖူးသော်လည်း အချက်အပြုတ်ပိုင်းတွင် ဝါရင့်နေသူတစ်ယောက်ပီပီ အရသာကောင်းမွန်ရန်အတွက် လိုအပ်သောအချိန်အတိုင်းအတာကိုတော့ ခန့်မှန်းနိုင်ပေသည်...

ရှင်းရှင်းလေးသည်လည်း ညစာစားပြီးနောက် အောက်သို့ဆင်းလာလေ၏... သို့သော် သူမ ရှိနေသောနေရာသည် အရမ်းပူလွန်နေတာကြောင့် သားဖြစ်သူအား တစ်ခြားတစ်ဖက်တွင် နေရန် ပြောလိုက်သည်...

ကလေးလေးက သူ့အမေပြောသည့်အတိုင်း တစ်ခြားတစ်ဖက်တွင်သာ နေနေခဲ့သည်...

ရှင်းရှင်းလေး ထိုနေရာတွင်နေရင်း တစ်ယောက်တည်း ဆော့ကစားနေစဉ် အနံ့တစ္ခုကို ရှုရှိုက်လိုက်မိလေ၏...

ကလေးလေး ရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး အနံ့ရှိရာနောက်သို့ လျှောက်လာလိုက်တဲ့အခါ အေမျဖစ္သူ အလုပ်လုပ်နေသည့်နေရာသို့ ရောက်သွားလေသည်...

"မေမေ... အသားနံ့က မွှေးနေတာပဲ..." ဟု အသံအကျယ်ကြီးဖြင့် ပြောလိုက်သည်...

ချန်းဟွမ်က သူမရဲ့အိမ်လုပ်ဟင်းခတ်အမွှေးအကြိုင်များနှင့် အလုပ်ရှုပ်နေခဲ့တာကြောင့် ကလေးလေးက သူမ နားသို့ ရောက်လာသည်ကို သတိမမူမိလိုက်ပေ...

ကလေးလေးက သူမရဲ့ဘောင်းဘီတစ်ဖက်ကို ဆြဲကာ အသံကျယ်ကြီးဖြင့် စကားပြောလာမှသာ သူမနားသို့ ရောက်နေမှန်း သိလိုက်ရ၏...

" ဒီနားမွာ ပူတယ် သားသား... ခပ်ဝေးဝေးမှာပဲ နေအုံးနော်... "

" အော်... ဟုတ်ကဲ့ မေမေ... "

ရှင်းရှင်းလေးသည် လိမ္မာသောကလေးတစ်ယောက်ပီပီ အေမျဖစ္သူက ပြောလိုက်သည်နှင့်ချက်ချင်းပင် အနောက်သို့ခြေလှမ်းနှစ်လှမ်း ပြန်ဆုတ်လိုက်သည်... ပေါက်စီလုံးလေးက ထိုနေရာလေးတွင် ခြေဖျားလေး ထောက်ရင်းဖြင့်သာ ဘာဘီကျူးအနံ့ကို ရှုနေရင်း တဖြည်းဖြည်း ဗိုက်ဆာလာတော့သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora