ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.3K 208 0
                                    

Chapter 45

{ အလှဆုံးသော - ၃ }

အနှီအမျိုးသားက ချန်းဟွမ်ကို ရှင်းပြရင်းဖြင့် သူ့အိတ်ကပ်ထဲမှဖုန်းကို ဆွဲထုတ်လိုက်သည် စာလုံးတချို့ရိုက်လိုက်ပြီးနောက်ပထမဆုံးပေါ်လာသောလင့်ခ်တစ်ခုထဲသို့ ဝင်လိုက်ရင်း ချန်းဟွမ်ကို ပြလိုက်သည်...

ထိုအမျိုးသားပြလိုက်သည်က လူကြိုက်များသောဖျော်ဖြေရေးချန်နယ်တစ်ခုတွင် ပြန်လည်တင်ထားသည့်ဗီဒီယိုတိုတစ်ခုပါဝင်သောဆောင်းပါးတစ်ပုဒ်ပင်... ထိုဗီဒီယို၏အောက်တွင် ' သူ့လို အလွေလးက ဘာလို့မ်ား ညေစ်းမွာ ဘာဘီကျူးဆိုင်ဖွင့်နေရတာလဲ? အမှန်ဆိုရင် ဖျော်ဖြေရေးအေဂျင်စီတစ်ခုနဲ့ ချိတ်ပြီး အနုပညာရှင်လုပ်နေသင့်တာ... ' စတဲ့မှတ်ချက်များစွာ ရှိနေချေ၏...

ထို့ပြင် အပြုသဘောရော အပျက်သဘောရောဆောင်သည့်မှတ်ချက်များစွာလည်း ရှိနေသေးသည်... အမျိုးသမီးIdolတစ်ယောက်၏ပရိသတ်များဘက်မှ မိတ်ကပ်မပါသော ချန်းဟွမ်၏မျက်နှာသည် ၎တို့Idolနှင့် ယှဉ်စရာမလိုလောက်အောင် ဆိုးရွားလွန်းသည်ဟု ပြစ်တင်ကြလေတယ်... သို့သော် ထိုIdol၏haterမ်ား(မကြိုက်နှစ်သက်သူ)ကေတာ့ ထိုIdolရဲ့ဓါတ္ပုံမ်ားဟာ လှပအောင် တမင်ပြုပြင်ထားပြီးသားဖြစ်ကြောင်း ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါလျှင် ထိုIdol၏မိတ္ကပ္မပါ၊ ဓါတ်ပုံတွင် ပြုပြင်ထားခြင်း မရှိသောပုံကို ထုတ်ပြလိုက်သင့်ကြောင်း ပြန်လည် ချေပကြလေသည်... ထိုသို့ဖြင့် ဗီဒီယို၏အောက်တွင် Fanများနှင့်Haterမ်ား သတ်ပွဲဖြစ်လို့နေတော့၏...

ချန်းဟွမ် ထိုမွတ္ခ်က္တို့အား ကြည့်ရင်း ထိုလူတစ္သိုက္က အတော်လေး အားလပ်နေပုံပဲဟု တွေးလိုက်မိသေးသည်...

ခ်န္နန္က သူမ သဘောဆန္ဒမပါဘဲ ဗီဒီယိုရိုက်ကူးခဲ့ခြင်းကို သူမ မနှစ်သက်သော်လည်း သူမရဲ့ဆိုင်လေးထဲသို့ အဆက်မပြတ်ဝင်ရောက်လာကြသောစားသုံးသူများနှင့် လျော့နည်းသွားသောရောင်းကုန်များကို ကြည့်မိချိန်တွင် ဒေါသပြေသွားသည်...

ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူမ ဆိုင်လေး ရောင်းအားတက်သွားခဲ့သည်လေ...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora