ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 225 0
                                    

Chapter 44

{ အလှဆုံးသော - ၂ }

ယခုနောက်ပိုင်းတွင် streaming(gameတွေဘာတွေ liveလွှင့်ပြီး ဆော့ပြတဲ့ပုံစံမျိုးကို ဆိုလိုသည်)လုပ်သည်တို့ အလွန်ရေပန်းစားလာခဲ့ပြီး ရှန်းလီသည် ထိုသို့streamလုပ်ကြသူများထဲမှ တချို့ကိုတော့ မြင်တွေ့ဖူးပေ၏... သို့သော်ငြားကဲ့ ချန်နန်လိုမျိုးကိုတော့ တစ်ခါမျှ မတွေ့ဖူးသေးချေ...

ချန်းဝှမ်တစ်ယောက် သူမမူလဘဝတွင် အစားအသောက်နှင့်ပတ်သက်ပြီးstream (food blogger)လုပ်ခြင်းက ပိုက်ဆံအများကြီးရကြသည်ဟု ကြားဖူးခဲ့၏... သို့သော်လည်း ၎ထဲမွအမ်ားစုမွာ အချိန်အကန့်အသတ်အနည်းငယ်အတွင်း အစားအသောက်ဘယ်လောက်ကုန်အောင် စားပြမည်ဆိုသည့် လောင်းကစားလိုပုံစံမျိုးများပင်... သူမအတွက်တော့ သူမ စားနိုင်သည်ထက် ပိုမ်ားလွေသာအစားအေသာက္တို့ကို အချိန်တိုလေးအတွင်း စားဖို့ရာ မဖြစ်နိုင်ပေ...

ချန်းဟွမ်နှင့်ရှန်းလီတို့နှစ်ဦး မသိခဲ့သည်က ချန်နန်သည် အစားအသောက် streamingလောကတွင် အတော်လေး နာမည်ကြီးသူဖြစ်ပြီး ပရိသတ်တစ်သန်းကျော်ရှိကာ သူကြောင့်နှင့် အင်တာနက်ပေါ်တွင် နေ့ချင်း ညချင်း နာမည်ကြီးသွားသောဆိုင်များစွာ ရှိပေ၏... အစားအသောက်စီးပွားရေးလုပ်ငန်းတော်တော်များများက ချန်နန်အား ၎င်းတို့လုပ်ငန်းကြော်ငြာအတွက် ကမ်းလှမ်းကြပေမယ့်လည်း အနှီအမျိုးသားဟာ အမှန်တကယ်အရသာမရှိသည့်အစားအသောက်ကို ကြော်ငြာဖို့ ပိုက်ဆံလက်ခံလိုက်ခြင်းဟာ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည်မို့ ကြော်ငြာများကို လက်မခံခဲ့ပါလေ..

ထိုညတွင်ပင် ချန်နန်၏streaming ချန်နယ်၌ ' လှလွန်းတဲ့ဘာဘီကျူးဆိုင်ပိုင်ရှင်လေးနှင့် သူမ ဆိုင်မှ အရသာရှိသောအစားအသောက်များ ' ဟူသောခေါင်းစဉ်ဖြင့် streamတစ္ခု ပေါ်ထွက်လာလေတော့၏...

ထိုသို့သောstreamမျိုးဟာ Liveလွှင့်ခြင်းလိုမျိုး မဟုတ်ပါဘဲ အရေးကြီးသည့်အပိုင်းများနှင့် ဆွဲဆောင်မှုရှိသောအခိုက်အတန့်တို့ကိုသာ ထည့်ထားခြင်းဖြစ်လေတယ်... Streamတွင် ချန်နန်တစ်ယောက် ဆိုင်ထဲ စဝင်လာသည့်အပိုင်း၊ ဆိုင်ထဲမှ အသားကင်များကို သေချာလိုက်ပြသည့်အပိုင်းနှင့် ရုတ်တရက် ချန်းဟွမ်အား လှည့်ကြည့်လိုက်မိသည့်အပိုင်းတို့ ပါဝင်လေ၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora