ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.1K 192 1
                                    

Chapter 141

ချန်းဟွမ် သားဖြစ်သူ၏ရည်ရွယ်ချက်အသစ်ကို အပြည့်အဝထောက်ခံကြောင်း ပြောလိုက်လေသည်...

" ဒါဆို သားက ဒီထက်ပို ပိုကောင်းလာအောင်ကြိုးစားရမယ်နော်... အတော်ဆုံး အကောင်းဆုံးဖြစ်မှ စနိုက်ပါတစ်ယောက်ဖြစ်မှာလေ..."

" သားက အတော်ဆုံးထဲက အတော်ဆုံးပဲလေ..." ရှင်းရှင်းလေးသည် နှိမ့်ချခြင်း လုံးဝမရှိပါဘဲ ပြန်ဖြေလေသည်...

ချန်းဟွမ် " ••• " (ဆွံ့အ)

လေယာဉ်ပေါ်တွင် အင်တာနက်လိုင်း မရပါချေ... တချို့လူများသည် ညစာစားပြီးနောက် အိပ်မောကျသွားကြပြီး တချို့သူများကတော့ အချင်းချင်း ခပ်တိုးတိုး စကားစမြည်ပြောကြလေသည်...

ချန်းဟွမ်နှင့်လောင်လျှိုတို့မိသားစုမတော်တဆတွေ့ဆုံခဲ့ခြင်းဖြစ်ကာ လောင်မိသားစုမှာလည်း အေးဆေးသမားများဖြစ်တာကြောင့် စကားစမြည်ပြောဖြစ်ခဲ့ကြ၏... လောင်လျှိုသည် သူ့ငယ်ဘဝအကြောင်းကို အချိန်တော်တော်ကြာကြာ ကြွားလုံးထုတ်ပြောဆိုခဲ့ပြီးနောက်တွင်တော့ ကျန်းမင်ယွမ်နှင့် စီးပွားရေးလုပ်ငန်းများအကြောင်း စကားဆက်လိုက်မိပေသည်...

လောင်လျှိုသည် စစ်တပ်မှ ထွက်ခဲ့ပြီးနောက် အလုပ်အသစ်တစ်ခု မလျှောက်ခဲ့ဘဲ စစ်တပ်မှသူ့ရဲဘော်ရဲဖက်တစ်ဦးနှင့်အတူ တောင်ပေါ်ရှိ စိမ်းလန်းစိုပြေသောမြေကွက်တစ်ခု၌ လိမ္မော်သီးများကို စတင်စိုက်ပျိုးခဲ့ချေတယ်... ဤသို့ဖြင့် ဆယ်နှစ်ကျော်အကြာပြီး လက်ရှိတွင်တော့ ထိုမြေကွက်တွင် အသီးအနှံမျိုးစုံဖြင့် ပြည့်နှက်နေခဲ့လေပြီ...  တစ်ဖက်တွင်လည်း လောင်လျှိူသည် လူသိများသော သစ်သီးရောင်းဝယ်ရေးဘုရင်ဖြစ်လာခဲ့ကာ သူ၏အသီးအနှံများကိုပင် နိုင်ငံခြားသို့ တင်ပို့နိုင်ခဲ့ပေ၏...

ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်သည့်ကိစ္စများနှင့်ပတ်သက်ပြီး လောင်လျှိုဆီ၌ ပြောစရာစကားများ မကုန်နိုင်လောက်အောင် များလို့နေ၏... ကျန်းမင်ယွမ်သည်လည်း ငယ်စဥ်ကကိုယ်ပိုင်လုပ်ငန်းဖြင့် စတင်ခဲ့တာကြောင့် ကိစ္စတော်တော်များများတွင် လောင်လျှိုနှင့် တိုက်ဆိုင်လို့နေသည်... ထို့ကြောင့်လည်း ထိုအမျိုးသားနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် နောက်တစ်ကြိမ် ထိပ်တွေ့ရန် ဆန္ဒရှိနေကြပေသည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Onde histórias criam vida. Descubra agora