ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

4.2K 300 1
                                    

Chapter 6
{ ကြက်ဥနှစ်လုံး - ၁ }

ချန်းဟ်မ်သည် ဝတၳုဖတ်ရခြင်းကို သိပ်မနှစ်သက်လှချေ... သို့သော် ဒီဝတၳုကိုတော့ သူမသူငယ်ချင်းတစ်ယောက်က ဖတ္ဖို့အတင်းပြောလာတာကြောင့်တစ်ကြောင်း၊ အမျိုးသမီးဇာတ်ရံဟာ သူမနဲ့နာမည်ချင်းဆင်တူနေသောကြောင့်တစ်ကြောင်း၊ သူမနဲ့နာမည်တူသောဇာတ်ရံရဲ့ဘဝဘယ်လိုဖြစ်သွားမည်ကို သိချင်သောကြောင့်တစ်ကြောင်း ဖတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏...

ဝတၳုထဲမှ ဇာတ်လိုက်သည် ငယ်စဉ်ကပင် အေဖကို ဆုံးရှုံးခဲ့ရပြီး အသက်၂၀လောက်မှစကာ မိသားစုစီးပွားရေးကို တာဝန်ယူခဲ့ရချေ၏... သို့သော်ငြား သူဟာ ငယ်ရွယ်လွန်းသေးတာကြောင့် အသက်ကြီးပိုင်းများက သူ့အား ကန်ချချင်နေကြလေသည်...

ဇာတ်လိုက်သည် အစပိုင်းတွင်တော့ ဘယ်နေရာမှသုံးစားလို့မရသည့် ဒုတိယမျိုးဆက်မှမိန်းမလိုက်စားသူပုံစံမျိုးနေခဲ့ပြီး အရာအားလုံးအဆင်သင့်ဖြစ်ချိန်မှာတော့ အားလုံးကို ဆန့်ကျင့်ကာ သူကိုယ်တိုင် ကော်ပိုရေးရှင်းအင်ပါယာတစ်ခုကို တည်ထောင်လိုက်လေတယ်...

အသုံးမကျသောသူအဖြစ်ဟန်ဆောင်နေခဲ့ချိန်တွင်တောင် သူ့အား ဆန့်ကျင်နေချင်သူများ များပြားလှပေ၏... တချို့သည် သူ့ဆီသို့ မိန်းမများလွှတ်ကာ မြူဆွယ်ခိုင်းတတ်သလို၊ တချို့ဆိုလျှင် ဆေးခတ်တတ်သေးသည်...

ထိုအခြင်းအရာများကြောင့် ဇာတ်လိုက်သည် သူ့အမေရင်းကိုပင် ယုံကြည်မှုမရှိတော့ပေ...

ထိုအချိန်တွင် ဇာတ်လိုက်မက ဇာတ္လိုက္နားသို့ ရောက်လာခဲ့၏... ဝတၳုဇာတ်ကြောင်းအရ သူမသည် နုံအသော်လည်း မိုက်မဲသူ မဟုတ်၊ ကြင်နာတတ်သော်လည်း အရာရာကို မျက်ကွယ်ပြုသူ မဟုတ်၊ သူမဟာ ဇာတ်လိုက်ရဲ့အေးခဲနေတဲ့နှလုံးသားထဲသို့ တောမီးသဖွယ် ဝင်ရောက်လာခဲ့တော့သည်...

ဇာတ်လိုက်နှစ်ဦးက သူတို့ကို ဆန့်ကျင်သောမိသားစုဝင်များ၊ အမျိုးသမီးဇာတ်ရံရဲ့ဝင်နှောက်ခြင်း၊ ဒုတိယဇာတ်လိုက်ရဲ့ ဇာတ်လိုက်မကို ရရန်ကြိုးစားခြင်းတို့ကို အတူတကွရင်ဆိုင်ကြရင်း ရိုးအီနေပြီဖြစ်သော ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့နှစ်ဦးရဲ့Happy Endingဖြစ်လာခဲ့လေသည်...

ထိုဝတၳုရဲ့ဗီလိန်ဇာတ်ရံမနာမည်မှာ ချန်းဟွမ်ပင်...

ဝတၳုထဲတွင် ချန်းဟွမ်သည် ဇာတ်လိုက်နှင့်တစ်ညတာအတူဖြတ်သန်းခဲ့ရပြီး သူမတွင် ကိုယ်ဝန်ရှိသွားခဲ့ကာ ကလေးမွေးခဲ့ရသည်... ဒါပေမယ့်ထူးဆန်းတာက အဖေဖြစ်သူရဲ့တာဝန်တွေကို ထမ်းဆောင်ခိုင်းရန်အတွက် ဇာတ္လိုက္ကို မရှာဖွေခဲ့ချေ... သူမအလုပ်ရှင်နှင့်အတူ ပြဲတစ္ခုသို့ တက်ရောက်ရင်း ဇာတ္လိုက္ဆီသို့ ပြေးမဝင်ခင်အထိပေါ့... သူမသည် ထိုနေ့တွင် ဇာတ္လိုက္ကို မြင်လိုက်ပြီးနောက် သားဖြစ်သူနှင့်ပေးတွေ့ရန် စဉ်းစားလိုက်မိသည်...

ထိုချိန်တွင် ဇာတ်လိုက်ကလည်း မငယ်တော့သည်ကြောင့် ဇာတ်လိုက်ရဲ့အမေဟာ မြေးတစ်ဦး မွေးရန်ကြံစည်နေခြင်းဖြစ်သဖြင့် DNA စစ်ဆေးမှုရလဒ်ကို ရရှိယူပြီးနောက်တွင် ကျန်းရှင်းချန်လေးအား ခေါ်ထားလိုက်တော့၏...

သို့သော်ဇာတ်လိုက်ရဲ့အမေက ကလေးကိုစောင့်ရှောက်ခဲ့ပေမဲ့ သူမစိတ်ထဲတွင် အရိုးစွဲအမြစ်တွဲနေပြီဖြစ်သော အဆင့်အတန်းဆိုသောအရာကို လွန်စွာမက်မောချေ၏... သူမသည် ပုံမှန်မိသားစုမှလာသောဇာတ်လိုက်မကို ဂရုမစိုက်သလို၊ အိမ်ထောင်မပြုဘဲ ကလေးမွေးပေးခဲ့သောဇာတ်ရံချန်းဟွမ်ကိုလည်း သူမသားနှင့် အတူရှိရန် သဘောမတူပေ...

ဗီလိန်ဇာတ်ရံဖြစ်တဲ့မူလချန်းဟွမ်ရဲ့ပန်းတိုင်မှာ ဂုဏ်သတင်းရှိပြီး ချမ်းသာသောမိသားစုတစ်ခုမှ ဇနီးဖြစ်လာဖို့ပင်... သို့သော် သူမဟာ ဇာတ်လိုက်အမေရဲ့စိတ်ကို သိသွားချိန်တွင် ကေလးကို ခေါ်သွားခွင့်မပြုခဲ့ချေ...မူလချန်းဟွမ်သည် ဖခင်ဖြစ်သူကို လွမ်းနေသောကလေးအား ဆင်ခြေအဖြစ်အသုံးချကာ ဇာတ်လိုက်ရဲ့ရုံးသို့ ပုံမှန်သွားခဲ့လေ၏...

ထိုအချိန်၌ ဇာတ်လိုက်မက ဇာတ်လိုက်ပေါ်တွင် စိတ်ယိုင်နေပြီဖြစ်တာကြောင့် ထိုအျဖစ္တို့ကို မြင်တိုင်း ဝမ်းနည်းပူဆွေးရလေသည်...

ဇာတ်လိုက်မကို ကြိတ်ကြွေနေရှာသောဒုတိယဇာတ်လိုက်က သူ့ရဲ့နတ်ဘုရားမလေး ဝမ်းနည်းပက်လက်ဖြစ်နေခြင်းကို မကြည့်ရက်တော့သည့်အဆုံး မူလချန်းဟွမ်က သူမသားနှင့်အတူ ဇာတ္လိုက္ကို လာတွေ့ချိန်တိုင်း ဇာတ္လိုက္က တစ်စုံတစ်ယောက်ကို ချစ်မိသွားချိန်မှာ ကြားမဝင်သင့်ကြောင်း ပြောလာတော့သည်...

ထိုအခါ မူလချန်းဟွမ်က အလွန်ဒေါသထွက်သွားခဲ့ပြီး ဇာတ်လိုက်ရဲ့ရုံးခန်းထဲသို့ ဝင်ကာ အမှန်ဟုတ်မဟုတ် ရှာဖွေတော့၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ