ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.8K 262 2
                                    

Chapter 10
{ ဒီကလေးလေးက မင်းငယ်ငယ်တုန်းက ပုံစံနဲ့ မတူဘူးလား - ၁ }

ပေါက်စီလုံးလေးသည် အေမျဖစ္သူ သူ့ကို အမြဲချစ်နေစေရန်အတွက် လိမ်လိမ်မာမာနေမည်ဟု ဆုံးဖြတ်ထားပုံပင်... ကေလးက သူ့လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူကိုယ်တိုင် အဝတ်အစားဝတ်နိုင်ကြောင်းပြလိုက်သည်...

ချန်းဟွမ် လက်နှစ်ဖက်မြှောက်ထားသောပေါက်စီလုံးလုံးလေးအား ငုံ့ကြည့်ရင်း နူးညံ့စွာ ပြုံးလိုက်ပြီးနောက် ကလေးလေးအား သူ့အဝတ်အစားတို့ကို ပေးလိုက်ကာ  ဟုတ်ပါပြီ... ဒါဆိုလည်း ကိုယ်တိုင် ဝတ်ထားနော် ဟုသာ ပြောလိုက်သည်...

ပေါက်စီလုံးလေးသည် သူကိုယ်တိုင် အဝတ်အစားဝတ်ရသည်မှာ ဒီတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ... သူသည် အနည်းငယ် အတွေ့အကြုံရှိပြီးသားဖြစ်တာကြောင့် အခက်အခဲသိပ်မရှိလိုက်ချေ...

ထို့နောက်တွင်တော့ အတွင်းခံဘောင်းဘီလေးကို ကောက်ကိုင်လိုက်ပြီး သူရဲ့ခြေထောက်တစ်ဖက်ကို မြှောက်ကာ အေပါက္တစ္ခုထဲသို့ ထည့်လိုက်လေတယ်...

ချန်းဟွမ်သည် အိပ်ယာ ဘေးတစ်ဖက်တွင်ထိုင်နေရင်း ဘောင်းဘီအရှေ့အနောက်မှားဝတ်နေသောပေါက်စီလုံးလေးဟာ ကြည့်ကာ မရယ်မိအောင် ထိန်းနေခဲ့ရသည်...

ရှင်းရှင်းလေးသည် သူ့အတွင်းခံဘောင်းဘီကို ဂုဏ်ယူစွာဝတ်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်ကာ ဘောင်းဘီကို ဆွဲတင်လိုက်ချိန်မှာတော့ တစ်ခုခုလွဲမှားနေမှန်း သတိထားလိုက်မိပေ၏...

ကလေးလေးက အောက်သို့ ပြန်ငုံ့ကြည့်လိုက်ရာ ဘောင်းဘီအိတ်ကပ်သည် အတွင်းထဲသို့ ရောက်နေခြင်းအား တွေ့လိုက်ရလေသည်... ထို့နောက်တွင် သူ အေမျဖစ္သူအား အသာလေးခိုးကြည့်လိုက်သည်

.. ချန်းဟွမ်က ကုတင်ပေါ်မှစောင်များကို ခေါက်နေသည့်ပုံစံလုပ်ကာ မမြင်ချင်ယောင်ဆောင်နေလိုက်၏... ဘောင်းဘီအရှေ့အနောက်မှားဝတ်လိုက်သည်ကို သူ့အမေ မတွေ့လိုက်တာ သေချာသွားချိန်၌ ပေါက်စီလေးသည် ဘောင်းဘီကို အမြန်ပြန်ချွတ်ကာ အတည့်ဖြစ်အောင် ပြန်ပြင်ဝတ်လိုက်လေသည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now