ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.3K 210 0
                                    

Chapter 96

{ အရုပ်များစွာ ရရှိခဲ့သည် - ၁ }

ရှင်းရှင်းလေးသည် ရိုလာကိုစတာကို ညွှန်ပြနေပြန်၏... ထိုရိုလာကိုစကာအမြင့်ဆုံးနေရာသည် မြေပြင်မှမီတာတစ်ရာလောက်ရှိပေသည်...

လူကြီးနှစ်ယောက်ဖြစ်တဲ့ကျန်းမင်ယွမ်နှင့်ချန်းဟွမ်တို့က ရှင်းရှင်းလေးအား ထိုရိုလာကိုစတာပေါ်သို့ လုံးဝတက်ခွင့်မပေးကြပေ... ကလေးလေးသည် ငိုယိုပူဆာခြင်းဆိုသောလက်နက်ကို ထုတ်သုံးပါသော်ငြား ဒီတစ်ကြိမ်တွင်လည်း အသုံးမဝင်ခဲ့ပါပေ...

ကျန်းမင်ယွမ်သည် သူ့လက်ထဲရှိလမ်းညွှန်စာအုပ်ကို သေချာကြည့်ရှုပြီးနောက် သားဖြစ်သူနှင့် ချန်းဟွမ်တို့အား ပန်းခြံထဲမှအဆောက်အဦးတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်..

ထိုအဆောက်အဦးထဲရှိ ဂိမ်း၏နာမည်မှာ ကြယ်တာရာတိုက်ပွဲဖြစ်၏... ထိုဂိမ်း၏ဆော့ကစားနည်းမှာလည်း လွယ်ကူပေသည်... ထိုင်ခုံတွင် ထိုင်နေကာ လေဆာရောင်ခြည်များဖြင့် မကောင်းဆိုးဝါးဂြိုလ်သားငယ်လေးများကို ပစ်ရခြင်းပင်...

ရှင်းရှင်းလေးသည် ထိုဂိမ်းအား စဆော့ပြီးနောက် အတော်လေး စိတ်ဝင်စားသွားပုံရသည်... ဆော့ကစားနေရင်း စကားပြောလည်း မရပ်ပါဘဲ စိတ်လှုပ်ရှားစွာ ဆော့ကစားလို့နေ၏... သို့သော်လည်း ရှင်းရှင်းလေးသည် ကလေးတစ်ယောက်သာဖြစ်တာကြောင့် သူ့လက်သေးသေးလေးများ လေဆာရောင်ခြည်ကို မထိန်းချုပ်နိုင်ပါလေ... ဂြိုလ်သားငယ်လေးများကို ပစ်ဖို့မဆိုနှင့် လေဆာရောင်ခြည်ကို ဟိုဘက် ဒီဘက်ပင် သေချာ မရွေ့နိုင်ပါလေ...

ကလေးလေးသည် ဆက်တိုက်ကြိုးစားပေမယ့် တစ်မှတ်မှ မရတာကြောင့် အတော်လေး စိတ်ပျက်နေသည်...

ထိုချိန်တွင် ကျန်းမင်ယွမ်သည် သားဖြစ်သူရှေ့တွင် သူ့အစွမ်းအစတို့ကို ထုတ်ဖော်ပြသလိုသောကြောင့် ရှင်းရှင်းလေးအား ဝင်ရောက် ကူညီပေးလေသည်... သို့သော်လည်း ကလေးလေးသည် သူနှင့် မကစားချင်ပေ... သူ့အတွက်တော့ ကျန်းမင်ယွမ်သည် သူစိမ်းဦးလေးကြီးတစ်ယောက်သာဖြစ်ပေသည်... ကလေးလေးက မိခင်ဖြစ်သူနှင့်သာ ဆော့ကစားချင်ခြင်းဖြစ်၏...  သို့ပေမယ့်လည်း ချန်းဟွမ်သည် ထိုသို့ဂိမ်းအမျိုးအစားကို လုံးဝစိတ်မဝင်စားကြောင်း ပွင့်ပွင့်လင်းလင်း ငြင်းဆိုလိုက်၏... ထို့ကြောင့်လည်း ကလေးလေးသည် ကျန်းမင်ယွမ်နှင့် သာ တွဲဆော့ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora