ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.1K 197 0
                                    

Chapter 34

{ ကျောင်းစတက်ခြင်း - ၁ }

ချန်းဟွမ်၏ဘာဘီကျူးဆိုင်လေးဟာ တစ်နေ့ထက်တစ်နေ့ ရောင်းအားတိုးလာခဲ့သည်...

သူမရဲ့ဘာဘီကျူးတို့က အရသာကောင်းမွန်တာကြောင့် သူမ ဆိုင်လေးဆီသို့ ပြန်လာသောစားသုံးသူအများအပြားရှိပေ၏... စားသုံးသူမ်ားဟာ ချန်းဟွမ်ဆိုင်မှအစားအသောက်များ ကောင်းမွန်းလှကြောင်းကို တစ်ဆင့် တစ်ဆင့်ပြန်ပြောကြသည်ကြောင့်လည်း သူမရဲ့ဆိုင်လေးဟာ နှစ်ပတ်အတွင်းတွင် ညဈေးတန်းရဲ့နာမည်အကြီးဆုံးဆိုင်တစ်ဆိုင်ဖြစ်လာတော့သည်...

ညဈေးတန်းရှိဆိုင်အများစုမှာ အသားကင်ဆိုင်များသာ ဖြစ်ပြီး တချို့သောဆိုင်ပိုင်ရှင်တို့ဟာ နှစ်ပတ်အတွင်း နာမည်ကြီးသွားခဲ့သောချန်းဟွမ်၏ဆိုင်လေးကို သိပ်မကျေနပ်ကြပေ... မည်သို့ပင် မကျေနပ်ဘူးဟုဆိုစေကာမူ သူတို့ ပြောင်းလဲနိုင်သည့်ကိစ္စ မရှိပါချေ... အစားအသောက်တစ်ခုတွင် အရသာက အရေးကြီးဆုံးဖြစ်ပြီး စားသုံးသူတို့ အရသာတွေ့စေသောအစားအသောက်ကို ချန်းဟွမ်က ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုရပေမယ်...

ချန်းဟွမ်၏အသားကင်ကို တစ်ကြိမ်စားပြီးသူတိုင်းဟာ သူမဆီသို့သာ ထပ်သွားနေစမြဲပင်... ထို့ကြောင့်လည်း တခြားသောဆိုင်ရှင်များက ချန်းဟွမ်အား မကျေနပ်ကြပေ...

ကျိုးရှီဆိုသောအမျိုးသားကြီးသည် သူ့ရဲ့ညဈေးတန်းမှအသားကင်ဆိုင်ကို ဖွင့်ရန် ပြင်ဆင်လို့နေ၏... ထိုလူကြီးက သူ့ဆိုင်ညာဘက်မှ ချန်းဟွမ်၏ဆိုင်လေးကို အရင်က သိပ်အာရုံမထားခဲ့ချေ...

သို့သော် ချန်းဟွမ်ဆိုင်ဖွင့်ပြီး ရက်အနည်းငယ်ကြာချိန်တွင် အတော်လေးစည်ကားလာခဲ့သည်ကို သတိထားမိလာသည်... သူ ဝန်မခံချင်ပေမယ့်လည်း ချန်းဟွမ်ဆိုင်မှအသားကင်ရနံ့ဟာ အတော်လေးမွှေးကြိုင်လှပေသည်..

ထိုအမျိုးသားကြီးက ယနေ့ဆိုင်ဖွင့်နေလက်စကို ခေတ္တရပ်ကာ လက်နှစ်ချောင်းကြားမှ စီးကရက္ကို တစ်ခါဖွာလိုက်ရင်း ညာဘက်ရှိချန်းဟွမ်၏ဆိုင် နေရာလေးကို မေက်နပ္စြာ လှည့်ကြည့်လိုက်သည်..

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်حيث تعيش القصص. اكتشف الآن