ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.6K 261 0
                                    

Chapter 62

{ ပထမအကြိမ် တွေ့ဆုံမှု - ၁ }

ကျန်းမင်ယွမ် သူ့အား မော့ကြည့်နေသောကလေးပေါက်စလေးကို ငုံ့ကြည့်နေရင်း ထိုကလေးလေးရဲ့ပါးကို ဆွဲကြည့်ချင်မိသွားသည်..

သူ ယနေ့တွင်ပင် ထိုကလေးပုစိလေးက သူ့သားအရင်းဖြစ်ကြောင်း စစ်ဆေးချက်ကို ရရှိခဲ့ခြင်းဖြစ်သည်...  ယခုနေရာသို့ လာနေစဥ် လမ်းတစ်လျှောက် အတွေးမျိုးစုံ စဥ်းစားခဲ့ပါသော်ငြား လက်တွေ့တွင်တော့ ဘာကို စပြောရမှန်း မသိပေ..

သူ့မှာ သားတစ်ယောက်ရှိနေပြီ... သားဖြစ်သူဟာလည်း သူ မသိခဲ့သောနေရာတစ်ခုတွင် ကြီးပြင်းလို့နေလေပြီ... ထိုကလေးလေးသည် သူ့တွင် အဖေရှိမှန်း သိနေလား မသိနေဘူးလားပင် မသေချာလှပေ...

ကျန်းမင်ယွမ် ကလေးလေး ရေးဆွဲနေသောပုံကို တစ်ချက်ကြည့်လိုက်မိချိန်၌ ထိုပုံတွင် သားအမိနှစ်ယောက်ပုံသာရှိပြီး အဖေဖြစ်သူ၏နေရာမှာ လစ်ဟင်းနေမှန်း တွေ့လိုက်ရတော့၏... အဖေဖြစ်သောသူက(ကျန်းမင်ယွမ်) ထိုပန်းချီလေးတွင် ပါဝင်မနေပေ...

ကျန်းမင်ယွမ်သည် ညစျေးသို့ လာသောလမ်းတစ်လျှောက်လုံးတွင် အနည်းငယ်တုံ့ဆိုင်းလို့နေမိသည်

... ကလေးဆီသို့ ရောက်ပြီးလျှင် သူ့ဘက်က ဘာစပြောရမည်လဲ?

ကလေးအမေဖြစ်သောချန်းဟွမ်အား ချက်ချင်းသွားတွေ့ကာ ကျန်းရှင်းချန်က ငါ့သားပဲ ငါ့သားကို ခေါ်သွားမယ်လို့ ပြောရမည်လား? ဒါမှမဟုတ် ရှင်းချန်က ငါ့သားဖြစ်နေလို့ ငါ မင်းကို လက်ထပ်မယ်လို့ ပြောလိုက်ရမည်လား..

မည်သို့ပင်ဆိုစေကာမူ ထိုစကားနှစ်ခုလုံးတွင် ကောင်းသောရွေးချယ်စရာတစ်ခု မပါဝင်နေပေ...

ပထမဆုံးအနေနဲ့ သူက သားအမိနှစ်ယောက်လုံးဘဝတွင် နှစ်ပေါင်းများစွာ တာဝန်လစ်ဟင်းနေခဲ့မိပေ၏... ထို့ပြင် ကလေးအား ငါ့က မင်းအဖေဟု ချက်ချင်းပြောချလိုက်ဖို့ရန်လည်း သူဟာ ယခုမှစတွေ့မည့်သူစိမ်းဖြစ်နေသည်... သူ၏သားဖြစ်သူရဲ့အမေအတွက်ဆိုပါလျှင်လည်း သူဟာ သုတ်ပိုးအလှူရှင်သာသာအဆင့်တွင်သာ ရှိလို့နေပြန်သည်... ထို့ကြောင့် သူ့ဆီ၌ ကလေးအား ဆွဲခေါ်သွားနိုင်ရန် ခိုင်လုံသောအကြောင်းပြချက် မရှိချေ...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Kde žijí příběhy. Začni objevovat