ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.5K 232 0
                                    

Chapter 58

{ ဆောင်းဦးရာသီပွဲတော် - ၄ }

မိခင်ဖြစ်သူ မျက်လုံးပွင့်လာသည်ကို တွေ့လိုက်ချိန်တွင် ပေါက်စီလုံးလေးက ချန်းဟွမ်၏လက်ကို လွုပ္လိုက္ကာ ပြောလိုက်သည်

" မေမေ... မေမေ ထေတာ့... သားတို့တွေ ဒီနေ့ လမုန့် လုပ်ကြမှာလေ..! "

ချန်းဟွမ်သည် အင်း ဟု ပြန်ဖြေလိုက်ပြီး အခန်းထဲသို့ သေချာပြန်ကြည့်လိုက်သည်... အခန်းထဲသို့ ဝင်ရောက်နေခဲ့ပြီဖြစ်သောနေအလင်းရောင်တို့ကြောင့် အခန်းတစ်ခုလုံး လင်းထိန်လို့ နေပြီပင်...

သူမမ်က္လုံးတစ္စုံကို လက်ဖြင့်ကာလိုက်ရင်း

" လိုက်ကာလေး သွားပိတ်ပေးပါအုံး သားသား.."

" ဟုတ်ကဲ့ မေမေ... "

ပေါက်စီလုံးလေးက ကုတင်နားမှ လိုက္ကာရွိရာသို့ လျှောက်လာခဲ့ပြီးနောက် လိုက္ကာစေလးကို ခြေဖျားထောက်ရင်း လှမ်းဆွဲလိုက်သည်... အချိန်ခေတ္တအကြာ အကြိမ်များစွာကြိုးစားပြီးနောက် သူလိုက်ကာစနှစ်ဖက်ကို ဆွဲပိတ်လိုက်နိုင်သွားသည်...

ထို့နောက် ကလေးလေးက ကုတင်နားသို့ ပြန်လာခဲ့ကာ " မေမေ သား အပြင်မှာစောင့်နေမယ် မြန်မြန်ထွက်လာခဲ့နော်... "

" Okay... "

ချန်းဟွမ်သည် ပြန်ဖြေစကားဆိုပြီးနောက် မ်က္လုံးမွိတ္ကာ ကုတင်ပေါ်တွင် ပြန်လှဲချလိုက်သည်... ရှင်းရှင်းလေးတစ်ယောက် အခန်းပြင်သို့ ထွက်သွားခဲ့ပြီး အချိန်အနည်းငယ်လောက်အကြာမှသာ အမှန်တကယ် အိပ်ယာထလိုက်သည်..

ပြီးနောက် သူမ အဝတ်အစားလဲပြီး ကလေးလေးကို လိုက်ရှာလိုက်၏... သူမ ပေါက်စီလုံးလေးကို စာကြည့်ခန်းထဲတွင် တွေ့လိုက်သည်။... ထိုကလေးပုစိလေးက အဝတ်အစားလဲပြီးပြီဖြစ်သော်လည်း အနည်းငယ်တွန့်လို့နေသည်...

" တောင်းပန်တယ်နော် သားလေး... မေမေ အိပ်ပျော်သွားတယ်... "

သူမသ ကေလး၏အဝတ္ကို အနည်းငယ်ဆွဲဆန့်ပေးရင်း တောင်းပန်စကားဆိုကာ ပါးကို နမ်းလိုက်ပြီးမှ သူမက သွားမတိုက်ရသေးမှန်း သတိရလိုက်သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Tahanan ng mga kuwento. Tumuklas ngayon