ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

2.8K 190 1
                                    

Chapter 139

“သေချာပေါက်လှတာပေါ့” 

လောင်လျှိုသည် စစ်မှုထမ်းခဲ့သည့် နေ့ရက်များကို အလွန်လွမ်းဆွတ်နေပုံရပြီး အတိတ်နေ့ရက်များအကြောင်းကို ပျော်ရွှင်စွာ မျှဝေခဲ့သည်။

" ကျွန်းပေါ်မှာ တပ်စွဲဖို့ သုံးလလောက် အချိန်ယူခဲ့ရတာ... ည‌ကနေ မိုးလင်းပေါက်အထိပဲ ... နေထွက်တဲ့အချိန်ဆို အရမ်းအရမ်းလှတာ... အရုဏ်တက်ချိန်လောက်ဆို နေရောင်နဲ့ သမုဒ္ဓရာကြီးနဲ့ထိပြီး ရွှေရောင်ဖြစ်သွားရော ...  နေတဖြည်းဖြည်းထွက်လာရင် အရောင်က ခပ်မှိန်မှိန်လေးပေါ့... ပင်လယ်ထဲကနေ ပုလဲလုံးလေးထွက်လာသလိုပဲ ”

လောင်လျှိုသည် စစ်မှုထမ်းကာလများအကြောင်း စပြောမိသည်နှင့်တစ်ပြိုင်နက် ရပ်တန့်နိုင်ခြင်းမရှိတော့ပေ။

ဥမင်လှိုဏ်ခေါင်းများတူးဖော်သည်မှအစ  ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းအဆုံး တရစပ်ပြောပြခဲ့၏။

တစ်နှစ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် စစ်တန်းလျားများ ပြိုပျက်သွားပြီး မိုးခိုစရာနေရာမရှိခဲ့သည့်ဇာတ်ကြောင်းကိုပင်ဖောက်သည်ချခဲ့သေးသည်။

လောင်လျှိုသည် လေယာဉ်ထွက်ခွာတော့မည်ဟု မကြေငြာခင်အထိ တောက်လျှောက်ပြောနေခဲ့၏။

ပြင်ပကမ္ဘာအကြောင်းကို အနည်းအကျဥ်းသာ သိရှိသော ရှင်းရှင်းက လောင်လျှို၏ဇာတ်လမ်းများကို အလွန်သဘောတွေ့ခဲ့သည်။

လောင်လျှိုကလည်း နားဆင်သူပရိတ်သတ်ရှိခြင်းကို ကျေနပ်နေ၏။

အိမ်၌ ဤဓာတ်ပြားဟောင်းကိုဖွင့်ခဲ့သည်မှာ အကြိမ်နှစ်ဆယ်ခန့်ရှိပြီဖြစ်ပြီး ဇနီးသည်ရော သားဖြစ်သူကပါ သူ၏ဇာတ်လမ်းများကို ငြီးငွေ့နေပြီဖြစ်သည်။

လေယာဉ်ထွက်ခွာချိန်၌ လွင့်မြောပေါ့ပါးသည့် ခံစားမှုမျိုးကို ရရှိ၏။

ဤသည်မှာ သာယာသောခံစားမှုမျိုး မဟုတ်ချေ။

ရှင်းရှင်းက ငြိမ်ကုပ်ကုပ်လေးထိုင်ရင်း အရမ်းကြောက်နေသည်။

သူ ငိုမိတော့မည်ပင်။

လေယာဉ်လမ်းကြောင်း တည်ငြိမ်သွားပြီးနောက် ပျံသန်းရာတွင် ဆိုးရွားသော ခံစားချက်မျိုးမရရှိတော့ပေ။ ရှင်းရှင်းသည် မျက်ရည်များကို သုတ်လိုက်ပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ချန်းဟွမ်၏ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now