ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 241 1
                                    

Chapter 23
{ သားဖေဖေက လေပေါ်ပျံတက်သွားတယ် - ၁ }

ရှင်းရှင်းလေး ထိုအကြောင်းကို စဉ်းစားနေသည်မှာ အတော်ကြာခဲ့ပေပြီ....

အောက်ထပ်မှ ဒူရှတွင်လည်း ဖေဖေရှိပြီး တီဗီထဲမှရှောင်မိန့်တွင်လည်း ဖေဖေရှိလေသည်...သူကလြဲလို့ တခြားသောလူများတွေ ဖေဖေတစ်ယောက်ဆီ ရှိလေသည်။...

ဒါရိုက်ဘာဦးလေးကြီးက ဖေဖေအကြောင်းကို ပြောလိုက်ချိန်က မေမေ စိတ်ဆိုးသွားသည်ကို ပေါက်စီလုံးလေးက တွေ့ခဲ့ရသေး၏... သူ့မေမေက ဖေဖေအကြောင်းပြောခြင်းကို သိပ်မကြိုက်ဘူးဟု ခံစားမိသော်လည်း သူအရမ်းသိချင်နေလေသည်...

ပေါက်စီလေး သူ့မျက်နှာကို အမေ့ရဲ့လည်ပင်းတွင် မြှုပ်ထားရင်း အတွေးများနေခဲ့သည်... ကလေးလေးက မေမေ့ကို အခ်စ္ဆုံးဟု ပြောထားပြီးမှ မေမေ စိတ်ဆိုးစေမည့်ကိစ္စကို လုပ်မိတာကြောင့် သူ့ကို စွန့်ပစ်သွားမည်ကို စိုးရိမ်နေပုံပင်...

ချန်းဟွမ်က စိတ်မဆိုးပေ... သူမ သားဖြစ်သူရဲ့ကျောပြင်လေးကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ရင်း ပြောပြဖို့ ဆုံးဖြတ်လိုက်သည်..

သူမ ငယ်ရွယ်သေးသောကလေးပေါက်စလေးအား အရာရာကို အမှန်အတိုင်း ပြောပြဖို့ မဖြစ်နိုင်ချေ... ထို့ပြင် သူမသည် ကေလးအား သူ့အဖေနှင့် ပြန်တွေ့ပေးဖို့လည်း အစီအစဉ်မရှိပေ...

ဘာတွေပဲဖြစ်လာဖြစ်လာ ကလေးအဖေဖြစ်တဲ့ဇာတ်လိုက်က နောက်ဆုံးတွင် ဇာတ်လိုက်မနှင့်သာ ပျော်ရွှင်စွာအဆုံးသတ်သွားမည် မဟုတ်ပေလား..

. ချန်းဟွမ်က ပေါက်စီလုံးလေးသည် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကြားထဲမှ ဆူးတစ္ခု ဖြစ်သွားပြီး ဖယ်ရှားခံလိုက်ရမည်ကို စိုးရိမ်မိလေသည်...

အချစ်ဝတၳုတိုင်းလိုလိုတွင် ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ မပေါင်းစည်းနိုင်ရန် ဖြစ်ပေါ်နေသောဆူးညှောင့်အားလုံးဟာ ဖျက်စီးသုတ်သင်ခံရစမြဲပင်...

ယခုတွင် ထိုကဲ့သို့သောဝတၳုသည် သူမအတွက်လက်တွေ့ဖြစ်လာခဲ့ချေပြီ... ထို့ကြောင့် သူမသည် ဇာတ်လိုက်တို့ရဲ့အရှိန်အဝါကို စိန်မခေါ်ပေ... ထိုသို့မဟုတ်ပါက သူမရဲ့မရွိမဲ့ ရှိမဲ့အသက်လေး ဘယ်နေရာက ထွက်သွားမှန်းပင် သိလိုက်မည် မဟုတ်ချေ...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin