ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

2.8K 184 0
                                    

Chapter 136

ရှင်းရှင်း လုပ်ပေးဖူးသမျှမှာ ဖိနပ်ယူပေးခြင်း သို့မဟုတ် ရေတစ်ခွက်ခပ်လာပေးခြင်းတို့ပင်ဖြစ်သည်။

သူသည် ကစားစရာကားတစ်စီးဖြင့်ဆော့နေသည်ဟုမှတ်ယူလိုက်ကာ  ကြမ်းပြင်ကို ကြမ်းတိုက်တံ

ဖြင့်ပွတ်တိုက်၏။

ဤသည်က ရှင်းရှင်း၏ပထမဆုံးအကြိမ်လည်းဖြစ်သည်။

ငယ်ရွယ်လွန်းသော ရှင်းရှင်းက ကြမ်းတိုက်တံကို ကောင်းကောင်းမထိန်းနိုင်ပေ။

ထို့ကြောင့် ချန်းဟွမ်ကမျက်နှာသုတ်ပုဝါအစိုတစ်ထည်ကိုပေးပြီး လက်ဖြင့်ကိုင်လျက် ပွတ်တိုက်စေသည်။

ရှင်းရှင်းက ကြမ်းပြင်ပေါ်တွင်လေးဖက်ထောက်လျက် ခေါင်းငုံ့ကာ ဖြည်းဖြည်းချင်း ကြမ်းတိုက်တော့၏။

ကျန်းမင်ယွမ်က မကြည့်ရက်သော်လည်း ဝင်မပါရန်သာဆုံးဖြတ်လိုက်သည်။

ကျန်းမင်ယွမ် ချန်းဟွမ်ကိုကြည့်လိုက်ပြီး ရှေ့သို့ ခြေလှမ်းနှစ်လှမ်းခန့်လှမ်းကာ ကျိုးနေသော နှုတ်ခမ်းနီများကို တစ်ရှူးခံ၍ ကောက်ယူလိုက်၏။

နှုတ်ခမ်းနီဘူးသည် နဂိုအတိုင်းရှိနေဆဲဖြစ်ပြီး  အောက်ခြေတွင် အမှတ်တံဆ်ိပ်နှင့် အရောင်နံပါတ်လည်းပါရှိ၏။  ကျန်းမင်ယွမ်သည် အမှိုက်ပုံးထဲသို့ မစွန့်ပစ်မီ

ထိုနံပါတ်ကို အလွတ်ကျက်လိုက်သည်။

ထို့နောက်ချန်းဟွမ်ကိုပြန်ကြည့်လိုက်သောအခါ သူမ၏အကြည့်များက အမှိုက်ပုံးဘက်တွင်ရှိမနေချေ။

ရှင်းရှင်းသည် ဆယ်မိနစ်ကျော်ကြာ ကြမ်းတိုက်ခဲ့ပြီး နောက်ဆုံးတွင် ကြမ်းပြင်မှာ အနည်းငယ် သန့်စင်သွားခဲ့သည်။ပုဝါတစ်ခုလုံးလည်း ပန်းရောင်ပြောင်းနေပြီဖြစ်၏။

ချန်းဟွမ်က စကားတစ်ခွန်းမှ မပြောဘဲ  မျက်နှာသုတ်ပုဝါအသစ်တစ်ထည်ကို ကမ်းပေးလိုက်သည်။

ရှင်းရှင်းသည် တစ်ချိန်လုံး လေးဖက်ထောက်ထားရသောကြောင့် ညောင်းညာနေပြီဖြစ်၏။

သို့သော် သူကခေါင်းမာသည်။အမေဖြစ်သူက စကားတစ်ခွန်းမှ မပြောသေးသရွေ့ ရှင်းရှင်းသည်လည်း ပင်ပန်းနေပြီဖြစ်ကြောင်းကို ဝန်ခံမည် မဟုတ်ချေ။

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now