ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 237 1
                                    

Chapter 93

{ အပန်းဖြေပန်းခြံသို့တစ်ခေါက် - ၁ }

ချန်းဟွမ်သည် အကြောင်းအရင်းများစွာကို ဆက်လက်စဥ်းစားနေရန် မဖြစ်နိုင်တော့ချေ...

ကျန်းမင်ယွမ် သူ့ရှေ့တွင် ထိုင်နေသောအတွေးများနေသည့်အမျိုးသမီးငယ်လေးအား စောင့်ကြည့်လို့နေ၏... နောက်ဆုံးတွင်တော့ ထိုအမျိုးသမီးငယ်လေးဟာ သူ့တောင်းဆိုချက်ကို လက်ခံလိမ့်မည်ဟု ကျန်းမင်ယွမ်က ယုံကြည်နေသည်...

ခေတ္တအကြာတွင်တော့ ချန်းဟွမ် ခေါင်းပြန်မော့ကြည့်လာခဲ့ပြီး ယခင်ထက်ပိုလို့ပင်  တည်ငြိမ်လာသည်...

သူမသည် DNAစစ်ဆေးချက်အား ကျန်းမင်ယွမ်ဆီသို့ ပြန်ပေးကာ သူမဘက်က လက်ခံကြောင်းဆိုလိုက်၏...

ကျန်းမင်ယွမ်သည် ထိုချိန်မှာသာ သက်ပြင်းတစ်ချက်ချနိုင်လိုက်ပြီး အနည်းငယ်စိတ်ချမ်းသာသွားခဲ့ရလေသည်... ထို့နောက်တွင်တော့ သူ မတ်တပ်ထရပ်ပြီး ခြံထဲသို့ လှည့်ပတ်ကြည့်ရန် ဖိတ်ခေါ်လိုက်သည်... " ဒီခြံထဲက ရှူခင်းတွေကဟအရမ်းလှတာ... ခဏလောက် လှည့်ပတ်ကြည့်သွားပါလား... "

" ရပါတယ်... ကျွန်မ မကြည့်တော့ပါဘူး... "

ချန်းဟွမ်သည် သူမဆီတွင်ရှိနေသောရှင်းရှင်ူလေး၏အာရုံစိုက်မှုတို့အား ရရှိရန် အနာဂတ်တွင် သူမနှင့်ယှဥ်ပြိုင်ရတော့မည့်အမျိုးသားနှင့် မရင်းနှီးချင်ပါလေ...  " ကျွန်မမှာ တခြားလုပ်စရာကိစ္စလေးတွေရှိသေးလို့ သွားခွင့်ပြုပါအုံး... "

သူမသည် ထိုသို့ဆိုပြီးနောက် ထိုနေရာမှ ထထွက်လာခဲ့ပြီး တံခါးပေါက်ဆီသို့ ရောက်ချိန်တွင် အဓိကအကြောင်းအရင်းတစ်ခုကို သတိရသွားခဲ့လေသည်...

သူမသည် ကျန်းမင်ယွမ်အား ပင်းအန်နယ်မြေဖြိုဖျက်ရေးနှင့်ပတ်သက်လို့ရရှိခဲ့သောလျော်ကြေးအကြောင်းကို မေးမြန်းရန် စဥ်းစားထားသော်လည်း ရှင်းရှင်းလေးနှင့်ပတ်သက်၌သာ တွေးနေခဲ့မိတာကြောင့် လျော်ကြေးအကြောင်းမေ့နေခဲ့ခြင်းဖြစ်သည်...

ချန်းဟွမ် တံခါးဝအရောက်တွင်  သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျန်းမင်ယွမ်အား ပြန်လှည့်ကြည့်လိုက်ကာ " ရှင် ကျွန်မဆီကို ပိုက်ဆံပို့ပေးဖူးလား...  ပင်းအန်းဖြိုဖျက်ရေးနဲ့ပတ်သက်ပြီးတော့လေ..."

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Donde viven las historias. Descúbrelo ahora