Chapter 18
{ ပြောင်းရွှေ့ခြင်း - ၁ }ချန်းဟွမ်သည် သူမရဲ့ပေါက်စီလုံးလေးက အိပ်ယာပေါ်တွင် ရှူးပေါက်ချလိုက်မိသည့်ကိစ္စကို ဘာလို့အခုလောက်ထိ ဝမ်းနည်းသွားရသည်ကို နားမလည်ပေ...
ကလေးလေးရဲ့သနားကရုဏာသက်ချင်စဖွယ်ငိုရှိုက်သံလေးကဖြင့် သူမရဲ့နှလုံးသားကို နာကျင်စေသည်မှာတော့အမှန်ပင်... သူမ ပေါက်စီလုံးလေးကို ဖက်ထားခြင်းမှလွှတ်လိုက်ပြီးနောက် နဖူးကို နမ်းလိုက်ပြီး " မငိုနဲ့တော့နော် သားသားလေး... မေမေက ရှင်းရှင်းလေးကို ခ်စ္တာမို့လို့... ရှင်းရှင်းလေးကို မေမေက အခ်စ္ဆုံးပဲ ဟုတ်ပြီလား..."
ကလေးရဲ့မျက်လုံးများသည် ငိုကြွေးမှုကြောင့် နီရဲနေပြီး မျက်တောင်မွေးများပေါ်တွင်လည်း မျက်ရည်စက်လေးများ တြဲခိုလို့ နေသေး၏... ကလေးလေးက မျက်လုံးလေးများကို ပွတ်သပ်ပြီးနောက်တစ်ကြိမ်ကြို့ထိုးလိုက်လေသည်...
" မေမေ့ကိုလည်း...သားသား အခ်စ္ဆုံးပဲ " ကေလးက အမေဖြစ်သူရဲ့ပါးပြင်ကို နမ်းလိုက်ပြီးနောက် " သားက မေမေကိုအချစ်ဆုံးပဲ " ဟုထပ်ပြောလိုက်ပြန်သညွ...
ချန်းဟွမ်ဆီ၌ မူလပိုင်ရှင်မှတ်ဉာဏ်ရဲ့ ဝေဝေဝါးဝါးသာ ရှိတာကြောင့် မူလပိုင်ရှင်၏ကိစ္စတချို့ကို လုံးဝမသိတာမျိုးလည်း ရွိ၏...
သို့သော်ငြား ရှင်းရှင်းလေးကတော့ အရာအားလုံးကို မှတ်မိနေဆဲပင်...
သူ သုံးနှစ်ခွဲလောက်က အိပ်ယာပေါ်တွင် ရှူးပေါက်ချမိဖူး၏... ထိုချိန်တုန်း သူ့အမေ(မူလချန်းဟွမ်)အကြည့်ကို မှတ်မိနေသေးသည်... သူမက နှာခေါင်းကို လက်တစ်ဖက်ဖြင့် ပိတ်ထားရင်း သူ့အား ရွံရှာစရာတစ်ခုလို ကြည့်နေခြင်းဖြစ်လေတယ်... ကလေးလေးက သူမဆီ လျှောက်လာဖို့ ကြိုးစားတဲ့အခါ သူမနှင့် ခပ်ဝေးဝေးမှာနေဖို့ အော်ဟစ်ခဲ့သေး၏...
" နင့်လိုရွံ့စရာကောင်းတဲ့ဟာလေးကို ငါဘာလို့မ်ား မွေးခဲ့မိပါလိမ့် "ဟုလည်း အော်ဟစ်ညည်းတွားတတ်သေးသည်...
လူကြီးများ စိတ်ထဲတွင် ကလေးတွေက အသေးစိတ်အချက်အလက်၊ အကြောင်းအရာတို့ကို မမှတ်မိလောက်ဘူးဟု ထင်တတ်ကြလေသည်... ဒါကြောင့်လည်း လူကြီးအများစုဟာ ကလေးများရှေ့တွင် ပြောချင်ရာပြောတတ်ကြပေသည်... တကယ်တော့ ကလေးတစ်ယောက်အတွက် စကားလုံးတချို့ဟာ သူတို့စိတ်ထဲတွင် အမြဲစွဲကပ်နေတတ်ခြင်းမျိုးလည်း ရှိလေ၏... တစ်ခါတစ်လေတွင် သူတို့လေးတွေ မလိုချင် မလုပ်ချင် မဖြစ်ချင်သောအကြောင်းကိစ္စတို့ကို အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် မြင်မက်တတ်ကြသေးသည်...
KAMU SEDANG MEMBACA
ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
RomansaThe Villainess Female Supporting Character raising her bun