ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.2K 239 1
                                    

Chapter 48

( မိသားစု - ၃ )

မိသားစုပွဲနေ့တွင် ကစားကြသောဂိမ်းများတွင် မိဘမ်ားက ကေလးမ်ားအား ဖျော်ဖြေရသည့်ပုံစံမျိုးများ ပါဝင်ပေ၏...

ဥပမာအနေဖြင့် မိဘမ်ားက နေရာတစ်ခုတည်းတွင် ၁၀ကြိမ်လှည့်လိုက်ရမည်ဖြစ်ကာ ဆရာမ ပြောလိုက်သောတိရစၧာန်၏ပုံအား ကလေးဖြစ်သူမှ မိဘျဖစ္သူအား လမ်းညွှန်ပြောပြရမည်ဖြစ်သည်... ထိုဂိမ်းပွဲတွင် တချို့သောမိဘများမှာ ဟိုဘက်ယိမ်း ဒီဘက်ယိမ်းဖြင့်သာ တိရစၧာန်ပုံလေးရှိရာသို့ လျှောက်သွားကြပြီး တချို့မှာတော့ ၁၀ကြိမ်လှည့်ပြီးသည်နှင့် ထိုနေရာတွင်ပင် ချော်လဲသွားတတ်ကြပြန်တယ်... ကျောင်းသားမိဘများ၏ထိုအခြေအနေတို့ကို ကြည့်ကာ ကေလးမ်ားက ပျော်ရွှင်စွာ ရယ်မောနေကြလေသည်..

ကေလးမ်ားက ပျော်ရွှင်စွာ ရယ်မောနေနိုင်ကြသော်ငြား မိဘများမှာတော့ လူရွှင်တော်ဘဝသို့ ရောက်သွားကြရ၏...

ကျောင်းသို့ မလာခင် ချန်းဟွမ်တစ်ယောက် သေသေချာချာစီးထားပါသောဆံပင်မှာလည်း ယခုချိန်တွင် ငှက်သိုက်ပုံံစံဖြစ်လို့နေကာ အင်္ကျီတွင်လည်း ဖုန်အထပ်ထပ်ဖြစ်နေခဲ့လေပြီ... သူမသည် ဂိမ်းများဆော့ပြီးနောက် မောပန်းလို့နေကာ နောက်ထပ်ခြေတစ်လှမ်း လှမ်းရန်ပင် အားမရှိတော့ပါသော်ငြား ပေါက်စီလုံးလေးမှာတော့ တစ်နေ့ခင်းလုံး ဆော့ကစားခဲ့ရတာတောင် အင်အားအပြည့်ဖြင့် ပျော်ရွှင်လို့နေသေး၏...

ကလေးလေးက နောက်ထပ်ဂိမ်းများစွာကို ဆက်လိုက်ဆော့ကစားရန် အဆင့်သင့်ဖြစ်နေဆဲပင်... ဤသို့ဖြင့် ရှင်းရှင်းလေးက ညနေကျောင်းဆင်းပြီးနောက် ကျောင်းဝင်းထဲမှ ထွက်လာပြီချိန်၌ နောက်ထပ်မည့်မိသားစုပွဲကို မြန်မြန်ရောက်လာပါစေဟု ကြိတ်ဆုတောင်းနေမိလေသည်...

ထိုသို့ဖြင့် အိမ္သို့ ပြန်ရောက်ချိန်တွင်တော့ ချန်းဟွမ် ညစာအတွက် ပြင်ဆင်နေကာ ပေါက်စီလုံးလေးကတော့ စာရွက်အလွတ်တစ်ရွက်နှင့် ဖယောင်းရောင်စုံလေးများကို ယူကာ ပုံဆွဲလို့နေ၏... ခေတ္တအကြာ ညစာအဆင့်သင့်ဖြစ်ချိန်မှာတော့ ကလေးလေးသည် စာရွက်နှင့်ရောင်စုံတို့ကို ခဏဘေးဖယ်ထားလိုက်လေသည်... ထို့နောက်တွင်တော့ ဉာဏ်စမ်းကုဗတုံးလေးကို ယူလိုက်သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Onde histórias criam vida. Descubra agora