ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.3K 230 0
                                    

Chapter 84

{ ကလေးအတွက် လျော်ကြေးလား? ကလေးကို ပြန်ခေါ်မလို့လား? - ၂ }

" သားကို ကြည့်ပေးထားလို့ ကျေးဇူးပါနော် "

ချန်းဟွမ်သည် အနီးမှ ဆရာမအား ကြည့်လိုက်ရင်း ပြောလိုက်သ်..

" မဟုတ်တာ ရပါတယ်ရှင်... " ဆရာမသည် ချန်းဟွမ်ဟာ ပြုံးလိုက်ပြန်ဖြေလေသည်... သို့သော် သူမ နားမလည်သည်က ရှင်းရှင်းလေးက မစ္စတာကျန်းဆိုသောအမျိုးသားနှင့် အရမ်းရင်းနှီးသည့်ပုံစံရှိသော်ငြာ်း အမေဖြစ်တဲ့ချန်းဟွမ်နှင့်ထိုအမျိုးသားကတော့ သူစိမ်းများလိုဖြစ်နေသည်ကိုပင်...

သို့သော်လည်း သူမသည် သူမအတွေးတို့ကို ထိုနေရာတွင်ပင် ရပ်တန့်လိုက်ချေ၏... သူမအား ကျောင်းအုပ်ကိုယ်တိုင်က ထိုအမျိုးသား၏လမ်းကို မနှောင့်ယှက်သင့်ကြောင်းမှာထားတာကြောင့် သူမအနေနဲ့ နှုတ်ဆိတ်နေလိုက်သင့်သည်... သူမကိုယ်တိုင်သည်လည်း ပြဿနာများကြား ဓါးစားခံမဖြစ်ချင်ပေ...

ချန်းဟွမ်မှ ဆရာမကို ကျေးဇူးတင်စကားဆိုပြီးနောက် ရှင်းရှင်းလေးအား လက်တွဲထားရင်း အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည်... သို့သော် တံခါးဝသို့ ရောက်ချိန်တွင်တော့ ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်အား သတိရသွားခဲ့ကာ အနောက်သို့ ပြန်လှည့်ကြည့်ရင်း " သားသွားပြီနော် ဦးလေးကြီး တာတာ့ "ဟု ဆိုလိုက်၏...

ပေါက်စီလုံးလေး၏နှုတ်ဆက်စကားကြောင့် ချန်းဟွမ်သည်လည်း ထိုအမျိုးသားရှိရာသို့ လှည့်ကြည့်လိုက်မိသည်... သူမသည် အခန်းထဲဝင်လာစဥ်က သားဇောကပ်နေသောကြောင့် အခန်းထဲ၌ ထိုအမျိုးသားရှိနေသည်ကို သတိမထားလိုက်မိပါချေ... ချန်းဟွမ်သည် အနှီအမျိုးသားအား လှည့်ကြည့်ပြီးနောက် ကျောင်းသားမိဘတစ်ယောက်ဟုသာ တွေးလိုက်ကာ ကျောင်းထဲမှ ထွက်လာခဲ့လိုက်သည်...

အမှန်တိုင်းဆိုရပါလျှင် သူမသည် ထိုအမျိုးသားကို အချိန်တစ်ခုထိ ငေးနေခဲ့မိပေသည်... ထိုသူ အတော်လေးဆွဲဆောင်မှုရှိပြီး ချောမောပေသည်... အရပ်၆ပေ ၁လက်မနီးပါးရှိပုံရကာ suitအနက်ကို ဝတ်ဆင်ထားပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားလေ၏... သူ့ကို မြင်မိသူတိုင်း လည်ပြန်ကြည့်ရလိုက်သည်အထိ ဆွဲဆောင်မှုရှိကာ သူ့ဆီမှ ထွက်ပေါ်နေသောအရှိန်အဝါမှာလည်း ရှိန်လောက်သည်...

ချန်းဟွမ်သည် သူမအတွေးထဲတွင် ထိုသို့မှတ်ချက်ပေးလိုက်ပြီးနောက် ရှင်းရှင်းလေးနှင့်အတူ ကျောင်းထဲမှ ထွက်လာခဲ့တော့သည်...

ဤသို့ဖြင့် အိမ်ပြန်လမ်းတွင် သူမသည် ရှင်းရှင်းလေး၏ကျောင်းတွင်တော့ တွေ့ခဲ့သောအမျိုးသားကို တစ်နေရာရာတွင် ရင်းရင်းနှီးနှီးမြင်ဖူး တွေ့ဖူးသည်ဟု တဖြည်းဖြည်းခံစားလာလေတယ်... ထိုအမျိုးသားအကြောင်းကို ပိုစဥ်းစားလေ ပိုစိတ်ရှုပ်လာလေပင်... ထို့ကြောင့်လည်း သူမသည် အိမ်ပြန်လမ်းတစ်လျှောက်လုံးပေါက်စီလုံးလေးနှင့် စကားပင် မပြောဖြစ်ပါလေ...

ကံကောင်းစွာဖြင့်ပင် ရှင်းရှင်းလေးက မိခင်၏တိတ်ဆိတ်နေမှုကို သတိမထားမိပါဘဲ ဘေးဘီကိုသာ အာရုံရောက်လို့နေသည်... ကလေးလေးသည် လမ်းတစ်ဖက်တစ်ချက်ဆီမှ ပန်းပင်များကို ကြည့်နေရင်း ခေတ္တအကြာတွင်တော့ ပန်းပင်တစ်ခုကို လက်ညှိုးထိုးပြရင်း " မေမေ မေမေ ဒီမှာ ပန်းပွင့်လေး " ဟု ဆိုလိုက်၏...

အတွေးနယ်လွန်နေသောချန်းဟွမ်ဟာ ထိုချိန်တွင်မှသာ သတိပြန်ကပ်သွားခဲ့ကာ သားဖြစ်သူ ညွှန်ပြနေသောပန်းပွင့် ၄ပွင့်ကို ကြည့်လိုက်ချေသည်... " ပန်းပွင့်လေးလို့ပဲ ပြောလို့မရဘူး... ပန်းပွင့်လေးတွေလို့ ပြောရတယ်... ပန်းက တစ်ပွင့်တည်း မဟုတ်ဘဲ ၄ပွင့်ဖြစ်နေတယ်လေ... "

သင်လွယ်တတ်လွယ်လှသောရှင်းရှင်းလေးသည် မိခင်ရှင်းပြသည်ကို နားထောင်ပြီးနောက် ခြေဖျားထောက်ကာ ပန်းပွင့်၄ပွင့်ကို ခူးလိုက်ပြီး

" ဒီမှာ မေမေတွက် ပန်းပွင့်လေးတွေ "ဟုဆိုရင်း ပန်းများအား မိခင်ဖြစ်သူကို ပေးလိုက်သည်...

" ကျေးဇူးပါရှင် " ချန်းဟွမ်က ထိုသို့ပြောလိုက်တဲ့အခါ ရှင်းရှင်းလေးသည် ပျော်ရွှင်သွားခဲ့ကာ နောက်ထပ် ပန်းများကို ထပ်ခူးရန် လက်လှမ်းလိုက်လေ၏... ထိုအခါ " သားက အဲ့လိုခူးလိုက်ရင် ပန်းပွင့်လေးတွေက မမွှေးဘဲ နေတော့မှာ... တခြားသူတွေ ကြည့်လို့ရအောင် ထပ်မခူးနဲ့တော့နော် ဟုတ်ပြီလား... "

ပေါက်စီလုံးလေးသည်  ခေတ္တမျှတန့်သွားခဲ့ပြီးနောက် ချန်းဟွမ်လက်ထဲမှ ပန်းလေးများကို ကြည့်လိုက် ပန်းပင်မှပန်းများအား ပြန်ကြည့်လိုက် လုပ်လိုက်လေသည်... နောက်ဆုံးတွင်တော့ " ဒါဆိုလည်း မခူးတော့ပါဘူး မေမေ... တခြားသူတွေအတွက် ထားခဲ့လိုက်တော့မယ်နော် "

Xxxxxx

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang