ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.5K 247 0
                                    

Chapter 56

{ ဆောင်းဦးရာသီပွဲတော် - ၂ }

ကျန်းမင်ယွမ်သည် ဖုန်းမျက်နှာပြင်ပေါ်မှကလေးလေး၏ဓါတ်ပုံကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်...

သူ ခေတ္တမျှစဉ်းစားပြီးနောက် သူ့လက်ထောက်တစ်ယောက်ဖြစ်သောလီကျောင်းရီထံ မက်ဆေ့တစ်စောင်လှမ်းပို့လိုက်သည်...

ကျန်းမင်ယွမ် : " မင်း ဒီဓါတ္ပုံကို ဘယ်နေရာမှာ ရိုက္ထားတာလဲ..."

တစ်ဖက်တွင်...

လီကျောင်းရီသည် Bossဖြစ်သူဆီမှ ထပ်ရလိုက်သောမက်ဆေ့ကို ဖတ်ပြီး အံ့သြသွား၏...

သို့သော် သူ့ဘက်မှ မြန်မြန်စာမပြန်ပါက Bossရဲ့ဒေါသအိုးဟာ ထပေါက်ပေမည်... လီကျောင်းရီ Bossကျန်းရဲ့ခန္တီပါရမီကို မစမ်းသပ်ရဲပေ.. ထို့ကြောင့် သူ အချိန်တိုတွင်းတွင် စာပြန်လိုက်သည်...

လီကျောင်းရီ : " ကျိုးနန် ၆၅ လမ်းပေါ်က ညဈေးလေးမှာ ဖွင့်ထားတဲ့ဘာဘီကျူးဆိုင်လေးမှာပါ Boss... ကလေးလေးက အခုဆို ၄နှစ်ရှိနေပါပြီ... ကေလးရဲ့အေမက ဘာဘီကျုးဆိုင်ရဲ့ပိုင်ရှင်ပါ... သူတို့ဆိုင်က အစားအသောက်လည်း ကောင်းတဲ့အပြင် ဆိုင်ရှင်ကလည်း အရမ်းလှလို့ဆိုပြီး သိပ်မကြာသေးခင်လောက်ကစပြီး နာမည်ကြီးလာခဲ့တာ... ကလေးအမေကိုလည်း ကျွန်တော်ဓါတ်ပုံရိုက်လာခဲ့တယ်... Boss သူ့ပုံကိုရော ကြည့်ကြည့်မလား...? "

လီကျောင်းရီင နောက်ဆုံးပိတ်အနေနဲ့ ဆိုင်ရှင်၏ဓါတ်ပုံကို ပို့ပေးရမလားဟုပါ ပြောလိုက်သည်... အတိတ်တုန်းက သူ့Boss ပတ်သက်ခဲ့သောမိန်းကလေးကို bossဖြစ်သူက မမှတ်မိမည်ဟု စိုးရိမ်တာကြောင့် မေးလိုက်ခြင်းပင်..

တကယ်တမ်းတွင် ကျန်းမင်ယွမ်သည် ချန်းဟွမ်၏မျက်နှာကို လုံးဝမသိခဲ့ချေ... ကျန်းမင်ယွမ် ထိုနေ့ည၌ ဆေးရှိန်ကြောင့် ဘာဆိုဘာကိုမျှ မမှတ်မိပေ... ဆေးရှိန်ပြယ်သွားပြီးနောက်တွင်လည်း ယခုမတော်တဆမှုအတွက် ရှင်းစရာရှိသည်တို့ကို ရှင်းရသေး၏... အသေးစိတ်ကိစ္စတို့ကိုတော့ ကျိုးဟောင်မှ ဆက်လုပ်ခဲ့ခြင်းသာ...

ကျန်းမင်ယွမ် : " အင်း... "

လီကျောင်းရီသည် Bossဆီမွ ခွင့်ပြုချက်ရလိုက်ချိန်တွင် ဘာဘီကျူးဆိုင်ပိုင်ရှင်၏ဓါတ်ပုံနှင့်တကွ သူမရဲ့နာမည်၊ အသက္စေသာ အချက်အလက်တချို့ကိုပါ ပို့ပေးလိုက်သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်حيث تعيش القصص. اكتشف الآن