ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.6K 235 0
                                    

Chapter 16
{ သားကို ပေးပါ မေမေ - ၁ }

ချန်းဟွမ်သည် ကေလးက စာရေးခြင်းကို စိတ်ဝင်စားနေမှန်း တွေ့လိုက်တဲ့အခါ အခြေခံစာရေးနည်းအနည်းငယ်ကို စတင်သင်ကြားပေးလိုက်သည်..

သူ့မ ရှင်းရှင်းလေးအား စာရေးနည်းအနည်းငယ်ကို ရေးပြခဲ့ပြီးနောက် လက်ကိုကိုင်ကာ အကြိမ်အနည်းငယ်ရေးပြလိုက်ပြန်သည်...

ကလေးလေးက အေမျဖစ္သူ ရေးပြသောစာရေးနည်းတို့ကို ကြိမ်ဖန်များစွာကြည့်ပြီးနောက်တွင်တော့ သူ နားလည်သွားပြီဟု ခံစားရပြီး သူကိုယ်တိုင် ရေးကြည့်ရန် အလျင်လိုလာလေတော့၏...

" ကောင်းပြီလေ... သား ကိုယ်တိုင် စမ်းရေးကြည့်ကြည့်ပေါ့... "

ချန်းဟွမ် သူ့လက်ကိုလွှတ်လိုက်ရင်း ပြောလိုက်သည်။

ပေါက်စီလုံးလေးက ဘောပင်ကို ကိုင်ကာ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်... ထို့နောက် အေမျဖစ္သူက သူ့ကို ရေးပြခဲ့သည့်အတိုင်း အတိအကျပြန်ရေးလိုက်၏... ဘောပင်ထိပ်ဖျားက စာရွက်ကို ထိသွားပြီးနောက် ပထမဆုံးဆြဲခ်က္ကို ရေးလိုက်လေတော့သည်...

ထို့နောက်တွင်တော့ ရှင်းရှင်းလေးက ဝမ်းနည်းနေသောမျက်နှာဖြင့် အေမျဖစ္သူဘက္သို့ လှည့်ကြည့်လိုက်ကာ " မေမေ သား ရေးတာ မလွဘူး..."ဟု သနားစဖွယ်မျက်လုံးလေးများဖြင့် ပြောလာပြန်တယ်...

" စာစေရးတဲ့အခါ အမြဲတမ်းဒီလိုပါပဲ... မေမေ ငယ်ငယ်တုန်းကဆို ဘောပင်ဘယ်လိုကိုင်ရမှန်းတောင် သိတာမဟုတ္ဘူး... ရှင်းရှင်းလေးက မေမေထက် အများကြီးပိုတော်ပါတယ်..."

ချန်းဟွမ် ကလေးရဲ့ခေါင်းကို လက်ဖြင့် ခပ်ဖွဖွပုတ်ပေး၍ နှစ်သိမ့်လိုက်သည်။..

" မေမေလည်း ငယ္ငယ္က သားလိုပဲပေါ့? " ကလေးလေး တအံ့တသြဆိုလိုက်လေသည်... အေမျဖစ္သူက ခေါင်းတစ်ချက်ပြန်ညိမ့်ပြလိုက်သည်ကို မြင်လိုက်ရချိန်တွင်တော့ ကလေးလေးက သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေခြင်းများ လုံး၀ပျောက်ကွယ်သွားတော့သည်... ထို့နောက်တွင်တော့ ပေါက်စီလုံးလေးဟာ အနည်းငယ် ရယ်မောလိုက်ရင်း ခေါင်းပြန်ငုံ့ကာ စာရေးရန် ထပ်ကြိုးစားပြန်၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်حيث تعيش القصص. اكتشف الآن