ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 202 0
                                    

Chapter 78

{ ကျောင်းတက်ချင်စိတ် - ၃ }

ကျန်းမင်ယွမ်သည် နေ့လည်ပိုင်း အစည်းအဝေးပြီးနောက်တွင်ဘက် ရှင်းချီလမ်းအပိုင်းရှိအလုပ်တချို့ကို စစ်ဆေးရန်  ထိုလမ်းဆီသို့ ရောက်လာခဲ့လေတယ်... ရှင်းချီလမ်းသို့ အရောက်တွင် သူ ကားထဲမှ ဆင်းလိုက်ပြီး ထိုအနီးအနားဧရိယာတစ်ဝိုက်တွင် ဟိုဟိုဒီဒီလမ်းလျှောက်ရင်း အစီအစဥ်အသစ် အကြံဥာဏ်အသစ်တို့ကို တွေးဆနေမိ၏... ထိုသို့နေရင်း ခေတ္တအကြာတွင် သူ ရင်းနှီးနေသောပုံရိပ်လေးကို တွေ့လိုက်ရသည်...

အစပိုင်းတွင် ကျန်းမင်ယွမ် အမြင်မှားသည်ဟု ထင်နေမိသော်ငြား အသေအချာကြည့်လိုက်မိချိန်တွင် သားဖြစ်သူရဲ့မိခင်ဖြစ်နေသည်ကို အတည်ပြုလိုက်နိုင်သည်...  ထိုအမျိုးသမီးငယ်လေးက ဒီနေရာကို ဘာကြောင့်ရောက်နေသည်ကို တခဏမျှစဥ်းစားလိုက်ပြီးနောက် အဖြေကို ရှာတွေ့သွားခဲ့ချေ၏...

သူမက ဆိုင်ခန်းနေရာတစ်ခုကို ရှာဖွေနေမှန်းသိလိုက်ရသည်ကြောင့် သူဟာ သူ့လက်ထောက်အား တည်နေရာကောင်းကောင်းဖြစ်ကာ လူစည်မည့်နေရာရှာပေးလိုက်ရန် မှာထားခဲ့သည်... ထိုအမျိုးသမီးငယ်လေးက စျေးချိုလွန်းပြီးရောင်းကောင်းမည့်ထိုဆိုင်ခန်းကို ချက်ချင်းမငှားရမ်းလိုက်ပါဘဲ ကိုယ်တိုင်လာကြည့်ပုံထောက်လျှင် သူမဟာ လွယ်လွယ်မယုံကြည်တတ်ဘဲ သေချာစဥ်းစားတွက်ချက်တတ်သူတစ်ဦးဆိုသည်ကို သိနိုင်ပေသည်..

ထိုဆိုင်ခန်းနေရာသည် နေရာအဆင်ပြေလှသည်ဟု ဆိုနိုင်သော်ငြား တစ်ခါတစ်ရံတွင် အန္တရာယ်များလွန်းလှ၏... ယခုလို အမှောင်ယံတို့ကြီးစိုးနေသောအချိန်တွင် လျှောက်လမ်းထက်တွင် သူမတစ်ယောက်တည်း လမ်းလျှောက်သွားနေသည်ကိုကြည့်ရင်း သူမအတွက် စိုးရိမ်ပေမယ့်လည်း သူ့ကားနှင့်အတူလိုက်ခဲ့ရန် ပြောဖို့ရာလည်း သူနှင့်သူမက သူစိမ်းအဆင့်သာသာပင်... ဤသို့ဖြင့် နောက်ဆုံးတွင် သူ ချန်းဝှမ်နောက်သို့ ခပ်ဖြည်းဖြည်းလိုက်သွားရန်သာ ဆုံးဖြတ်လိုက်လေသည်...

ထိုကဲ့သို့ သူမ အနောက်သို့ လိုက်လာခြင်းက သူမ ကို ပိုထိတ်လန့်စေမှန်း ကျန်းမင်ယွမ်တစ်ယောက် သတိမထားလိုက်မိပါချေ...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang