ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 229 0
                                    

Chapter 72

{ ယုံဖို့ရန် ခက်ခဲ - ၅ }

" မေမေ... သားတို့က ဒီနေရာမှာ နေ့လည်စာ စားဖို့လာတာလားဟင်... "

" နေ့လည်စာ စားဖို့မဟုတ်ဘူး... မေမေတို့ကိုယ်တိုင် စုံစမ်းရမယ့်ကိစ္စလေးရှိလို့လေ...  "

ချန်းဟွမ် ရှင်းရှင်းလေးအား ပြန်ဖြေပြီးနောက်တွင် " Hotpot ဘုရင် "ဆိုင်ဘေးရှိ ဝန်ထမ်းများ စုနေသည့်နေရာသို့ လျှောက်လာလိုက်သည်...

ထိုဝန်ထမ်းများနားသို့ ရောက်သွားချိန်တွင် ချန်းဟွမ် ဝန်ထမ်းတစ်ယောက်အား မေးလိုက်သည်...

"ဟိုလေ... Hotpotဘုရင်ဆိုတဲ့ဆိုင်က ဘာလို့ပိတ်ထားတာလဲဟင်.. ကျွန်မက အဲ့ဆိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို့ပါ... "

" အဲ့ဆိုင်က လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ပိတ်သွားခဲ့တာလေ... မစ္စဆီမှာ ဆိုင်ရဲ့မန်ဘာကတ်ရှိရင် Hotpotဘုရင် ပြောင်းသွားတဲ့ဆိုင်နေရာအသစ်မှာ သုံးလို့ရပါတယ်... တကယ့်လို မန်ဘာကတ်အတွက် ပြန်အမ်းငွေ လိုချင်ရင် ဆိုင်မှာကပ်ထားတဲ့ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး ပြန်အမ်းငွေထုတ်ယူလို့ရပါတယ်ဗျ "

" Hotpotဘုရင် "ဆိုင်က ရုတ်တရက်ပိတ်သွားခဲ့သောကြောင့် ဆိုင်နှင့်ပတ်သက်ပြီး မေးမြန်းသူအများအပြားပင်... မကြာခဏလာမေးတတ်ကြသောလူများကြောင့် ဝန်ထမ်းများမှာ ထိုကိစ္စကို ဆက်တိုက်ရှင်းပြနေပုံရ၏...

ချန်းဟွမ်တစ်ယောက် Hotpotဆိုင်ရှေ့သို့ လျှောက်သွားတဲ့အခါ ဆိုင်ရှေ့တွင် ဖုန်းနံပါတ်ရေးထားသောအဖြူရောင်စာရွက်တစ်ရွက် ကပ်ထားသည်ကို တွေ့လိုက်သည်... သူမ ထိုစာရွက်ပေါ်မှ ဖုန်းနံပါတ်ကို မှတ်သားပြီးနောက် ဝန်ထမ်းရှိရာသို့ ပြန်လျှောက်လာခဲ့ကာ " အဲ့ဆိုင် ဘာလို့ပိတ်လိုက်တာလဲ သိလားဟင်... "

" အဲ့ဒါကတော့ ကျွန်တော်လည်း သေချာမသိဘူးဗျ... " ထိုဝန်ထမ်းအမျိုးသားမှာလည်း အသေးစိတ်အကြောင်းအရင်းကို သိပုံမပေါ်ပေ... ချန်းဟွမ် ဝန်ထမ်းအား ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် ရှင်းရှင်းလေးနှင့်အတူ ကိတ်မုန့်ဆိုင်တစ်ဆိုင်ရှိရာသို့ ထွက်လာလိုက်၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ