ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 234 0
                                    

Chapter 17
{ သားကို ပေးပါ မေမေ - ၂ }

မနက်ဖြန်၌ ကျယ်ဝန်းလှပတဲ့တိုက်ခန်းအသစ်သို့ ပြောင်းရွှေ့ရတော့မည်ဟုသောအတွေးကို တွေးနေမိရုံဖြင့်ပင် ထိုညတွင် စိတ်လှုပ်ရှားလွန်းလို့ အိပ်လို့ပင် မပျော်ချေ... ကေလးက အိပ်ယာပေါ်၌ လဲလျောင်းနေရင်း မျက်လုံးတို့မှိတ်ထားလျက် တရပ်ဆက်စကားပြောနေလေသည်...သူ စကားများများပြောလေလေ စိတ်လှုပ်ရှားလေလေဖြစ်နေတော့၏...

ချန်းဟွမ် ကလေးလေးရဲ့စကားတို့ကို ဆက်တိုက်နားထောင်ရင်း ခေါင်းကိုက်ချင်သလိုပင် ခံစားလာရလေသည်... အရမ်းချစ်စရာကောင်းသောနတ်သားပေါက်လေးက ယခုတွင် နတ်ဆိုးငယ်လေးဖြစ်လာသည်ဟုပင် ထင်ရလောက်၏... နောက်ဆုံးတွင်တော့ သူမ ယနေ့ဝယ်ခဲ့သောပုံပြင်စာအုပ်များထဲမှ တစ္ခုကို ဆွဲထုတ်လိုက်ပြီး ရှင်ရှင်းလေး စကားပြောခြင်းကို ရပ်ရန် စဉ်းစားလိုက်ရသည်...

" သား အိပ်မှရတော့မယ်... မေမေပြောတဲ့ပုံပြင်လေးတစ်ပုဒ်နားထောင်ပြီး အိပ်တော့နော် ဟုတ်ပြီလား... "

အေမျဖစ္သူက ထိုသို့ပြောလိုက်ချိန်တွင် ပေါက်စီလုံးလေးက ချက်ချင်းငြိမ်ကျသွားချေ၏..

ချန်းဟွမ်ပြောပြသောပုံပြင်ဇာတ်လမ်းရဲ့ ဇာတ်လိုက်မှာ ဥလေးတစ်လုံးဖြစ်ကာ ထိုဥေလးဟာ လူဆိုးမ်ားကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံးတွင်တော့ လူသားတစ်ယောက်ဖြစ်လာခဲ့သော တော်တော်မိုက်သည့်ဇာတ်လမ်းမျိုးပင်...

ချန်းဟွမ်က ပုံပြင်ပြောပြရာတွင် မြန်မြန်ဆန်ဆန်ဖတ်ခြင်းမဟုတ်ဘဲ ပြေပြစ်ပြီးနွေးထွေးသောလေသံဖြင့် အေးအေးဆေးဆေးဖတ်ပြလေသည်...

ပုံပြင်စာအုပ်ထဲမှ စာရွက်များပေါ်ရှိ ဇာတ်လမ်းသည် ဘာသာစကားအျဖစ္သို့ ပြောင်းလဲသွားပြီး သူမပါးစပ်မှ ထွက်ပေါ်လာချိန်တွင် ကလေးသည် အိမ်ပြောင်းခြင်းကိစ္စကို မေ့သွားခဲ့ကာ ပုံပြင်အကြောင်းကိုသာ ပိုလို့စိတ်ဝင်စားလာတော့၏...

ဇာတ်လမ်းထဲမှ ဒိုဒိုဟူသောဥလေးက အရမ်းရဲရင့်ပေသည်... ထိုအကြောင်းကို တွေးနေရင်းဖြင့် ဒိုဒိုလေးက ဥဘဝမွ လူသားဘဝအျဖစ္သို့ အမှန်တကယ် ပြောင်းလဲသွားနိုင်ခဲ့တာလား ဟူသောအမေးတို့ဟာ ပေါက်စီလုံးလေးရဲ့ဦးနှောက်ထဲတွင် ပြည့်နှက်လို့လာ၏... အကယ်၍သာ ဒိုဒိုလေးက ဥဘဝမွ လူသားအျဖစ္သို့ ပြောင်းလဲနိုင်ခဲ့ဆိုလျှင် သူသည်လည်း ဥေလးဘဝမွ လာသည်ဟု ဆိုလိုချင်သည်လား... စတဲ့အေတြးတို့ဟာ သူ့စဲ့ခေါင်းသေးသေးလေးထဲတွင် ပြည့်ကျပ်လို့လာတော့သည်...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ