ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

3.4K 232 0
                                    

Chapter 91

{ ကလေးကို မတွေ့အောင် ဖွက်ထားလို့ ရမည်မဟုတ် - ၂ }

ချန်းဟွမ် ကျန်းမင်ယွမ်၏စကားကြောင့် ထိုအမျိုးသား၏စိတ်သဘောထားကို  ဆက်လက်ခန့်မှန်ကြည့်ရန် ခက်ခဲသွားခဲ့ရသည်... သူမ ဦးနှောက်ထဲတွင်လည်း မူလဇာတ်ကြောင်းမှအကြောင်းအရာတို့ ဖြတ်ပြေးလို့နေဆဲပင်... နောက်ဆုံးတွင်တော့ သူမဟာ အတွေးတို့ကို ခေတ္တရပ်လိုက်ကာ " ရှင် ဘာလိုချင်နေတာလဲဆိုတာကို ပြော " ဟု ထပ်မေးလိုက်ပြန်သည်..

" ကိုယ် လိုချင်တာက ရှင်းရှင်းလေးပါ... ကိုယ့်ကို ကလေးက အဖေအဖြစ် သိသွားတာကို လိုချင်တာ... အခုလည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုယ် မင်းနဲ့ ဆွေးနွေးချင်တာပါ... "

ကျန်းမင်ယွမ်သည် သူ့ရှေ့မှအမျိုးသမီးလေး၏မျက်နှာအမူအရာပြောင်းသွားသည်ကို တွေ့လိုက်ရသောကြောင့် စကားဆက်လိုက်၏...

" မင်းဆီကနေ ကလေးကို ဆွဲလုသွားမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး... ကလေးက မင်းနဲ့အတူနေရမှာပါ... ကလေးကို သူ့ဆီမှာ အဖေ ရှိတယ်ဆိုတာ သိစေချင်ရုံပါ... "

ထိုနောက် ကျန်းမင်ယွမ် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး ဆက်ပြောလိုက်သည်

" ပြီးတော့လည်း မင်းလည်း ကလေးကို သူ့အဖေက စူပါမင်းလို့ တစ်သက်လုံးအယုံသွင်းထားလို့ ရမှာ မဟုတ်ဘူးလေ "

ကျန်းမင်ယွမ်၏နောက်ဆုံးစကားက ချန်းဟွမ်အတွက် အတော်လေး နာကျင်စရာကောင်းလှပေသည်

ရှင်းရှင်းလေးသည် ယခုတွင် အသက်လေးနှစ်သာရှိသေးတာကြောင့် ထိုအလိမ်အညာစကားကို ယုံကြည်နေဆဲဖြစ်သော်ငြား အရွယ်ရောက်လာတစ်နေ့တွင် ထိုအလိမ်အညာစကားကို မျက်စိစုံမှိတ်ယုံတော့မည် မဟုတ်...

မိဘမစုံလင်သောမိသားစုမှကလေးများသည် ကျောင်းတွင် အနိုင်ကျင့်ခံရနိုင်သည့်အခြေအနေ များပြားလွန်းလေသည်... ချန်းဟွမ် ထိုအကြောင်းနှင့်ပတ်သက်ပြီး စဉ်းစားဖူး၏... အိပ်ယာပေါ်တွင် လှဲနေရင်း  အိမ်ထောင်ပြုသင့် မပြုသင့် စဥ်းစားနေခဲ့သည်မှာ ကြာပြီပင်... မိသားစုအစုံအလင်ရှိသောမိသားစုတစ်စု ထူထောင်လိုက်သင့်လားဟု သူမကိုယ်သူမ ပြန်မေးနေမိသည်... သို့သော် နောက်ဆုံးတွင်တော့ သူမဟာ ထိုအတွေးကို အမြတမ်းဖယ်ချန်ထားခဲ့၏...

ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now